ဒေါက်တာ ဆာဆာနဲ့ KNU ခေါင်းဆောင်တွေဆွေးနွေး

ဒေါက်တာ ဆာဆာနဲ့ KNU ခေါင်းဆောင်တွေဆွေးနွေး KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနဲ့ KNU ဒုဥက္ကဋ္ဌလက်ထောက် Nimrod Andrew တို့နဲ့ ဒေါက်တာ ဆာဆာ တွေ့ဆုံဆွေးနွေးခဲ့စဥ်။ Photo: Dr.SaSa/Facebook

ကုလသမဂ္ဂဆိုင်ရာ မြန်မာအထူးကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက ခန့်အပ်ထားတဲ့ ဒေါက်တာဆာဆာဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီး တစ်ဖွဲ့ဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့နဲ့ မတ်လ ၅ ရက် ဒီကနေ့ ညပိုင်းမှာ ဆွေးနွေးခဲ့ပါတယ်။

KNU ဒုတိယဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးနဲ့ KNU ဒုဥက္ကဋ္ဌလက်ထောက် Nimrod Andrew တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ဒေါက်တာ ဆာဆာက သတင်းထုတ်ပြန်ပါတယ်။

အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာတိုမူးက "မြန်မာပြည်မှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲဆွေးနွေးခဲ့ပါတယ်။ ပြည်တွင်းမှာဖြစ်တဲ့ ကိစ္စတွေကို နိုင်ငံတကာက ပိုအာရုံစိုက်နိုင်အောင် ထောက်ခံမှုတွေ လူသားချင်းစာနာထောက်ထားမှုတွေအပြင် နိုင်ငံရေး၊ ဒီပလိုမက်စီရေး ထောက်ပံ့မှုတွေ ပိုရနိုင်ဖို့ အတူတကွ ဘယ်လိုလုပ်ကြမလဲဆိုတာ ဆွေးနွေးခဲ့ပါတယ်။ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကနေ ကာလတစ်ခုမှာ ဖက်ဒရယ် ပြည်ထောင်စုကို သွားဖို့အတွက် ပြင်ဆင်ဖို့လိုတယ်။ အဲ့ဒီအချိန်အတွက် ပြင်ဆင်မှုပိုင်းတွေမှာ ဘယ်လိုပုံစံမျိုး ပူးပေါင်းလုပ်ကြရင်ကောင်းမယ်ဆိုတာကိုလည်း ဆွေးနွေးခဲ့တယ်" လို့ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ် သုတ်သင်ရှင်းလင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က မတ်လ ၅ ရက်နေ့ ဒီကနေ့မှာပဲ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်ထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပြီး မြန်မာစစ်တပ်ကို ဆန့်ကျင်ပြီး KNU နယ်မြေထဲကို ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း လက်ခံကူညီပေးထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dr-sasa-and-knu-meeting-03052021110747.html

ဒေါက်တာ ဆာဆာနဲ့ KNU ခေါင်းဆောင်တွေဆွေးနွေး  ဒေါက်တာ ဆာဆာနဲ့ KNU ခေါင်းဆောင်တွေဆွေးနွေး Reviewed by THITHTOOLWIN on 23:09 Rating: 5

No comments:

Powered by Blogger.