နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော

နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော ကရင်အမျိုးသားအစည်းအရုံး KNU တပ် / Photo- AFP(file)

စစ်အာဏာရှင်စနစ်ကို နိုင်ငံတကာနဲ့ပေါင်းပြီး အမြစ်ပြတ်သုတ်သင်ရှင်းလင်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၅) က မတ်လ ၅ ရက်နေ့ ဒီကနေ့ မှာ ထုတ်ပြန်လိုက်ပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်ကောင်စီရဲ့ စစ်တပ်နဲ့ ရဲတွေက ဆက်လက်အနှောင့်အယှက်ပေး ပစ်ခတ်သတ်ဖြတ်နေမယ်ဆိုရင် ခုခံကာကွယ်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးကြီးဝါဒနဲ့ စစ်အာဏာရှင်စနစ်ဟာ တိုင်းရင်းသားလူနည်းစုတွေအတွက် ကြီးမားတဲ့အခက်အခဲဖြစ်တာကြောင့် ပြည်တွင်းနေပြည်သူတွေ၊ တိုင်းရင်းသားတွေနဲ့ နိုင်ငံတကာတို့ လက်တွဲပြီး စုပေါင်းတိုက်ထုတ်သွားရမယ်လို့လည်း ပြောထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ဟာ စစ်အာဏာသိမ်းမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကြီးဖြစ်ပါတယ်။ မြန်မာစစ်တပ်ကို ဆန့်ကျင်ပြီး KNU နယ်မြေထဲကို ထွက်ပြေးလာတဲ့ စစ်သားတွေကိုလည်း လက်ခံကူညီပေးထားပါတယ်။

လက်ရှိ ကရင်ပြည်နယ်တွင်း စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြနေတဲ့သူတွေကို KNU က လုံခြုံရေးဆောင်ရွက်ပေးနေသလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၆ ရက် နေ့ကလည်း ဆန္ဒပြသူတွေကို လူစုခွဲရင်း KNU ထိန်းချုပ်နယ်မြေထဲ ရောက်လာတဲ့ မြန်မာစစ်တပ်က ဗိုလ်မှူးအဆင့် အပါအဝင် သုံးဦးကို ပစ်သတ်ခဲ့ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/myanmar-coup-knu-statement-03052021062647.html

နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော  နိုင်ငံတကာနှင့်ပေါင်းပြီး စစ်အာဏာရှင်တွေကို သုတ်သင်ရှင်းလင်းမယ်လို့ KNU ပြော Reviewed by THITHTOOLWIN on 20:38 Rating: 5

No comments:

Powered by Blogger.