စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ်


မတ်လ ၂၈ရက်၊ ၂၀၂၁ခုနှစ်။ ကေအိုင်စီ

မူတြော်ခရိုင် ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံဘေးရှိ ဟိုကေကျေးရွာထဲကို ယနေ့ မွန်းလွဲ ၃နာရီခွဲအချိန်တွင် အာဏာသိမ်းစစ်ကောင်စီတပ်မှ စစ်လေယာဉ် ၂စင်းဖြင့် ၃ ကြိမ်တိတိ လာရောက်ပစ်ခတ်သွားသည်ဟု ဒေသခံများက ပြောသည်။ 

ဟိုကေဒေသခံရွာသားများသည် နေ့လည်ကတည်းက လွတ်မြောက်ရာသို့ ရှောင်တိမ်းသွားသည့်အတွက် အဆိုပါ ပစ်ခတ်မှုအတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရရှိခဲ့မရှိကြောင်းလည်း သိရှိရသည်။ 

စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် လာရောက်ပစ်ခတ်မည့်သတင်းကြောင့် ဟိုကေကျေးရွာနှင့် မနီးမဝေးရှိ အီတူထားကျေးရွာမှ ဒေသခံများနှင့် သံလွင်မြစ်နံဘေးတစ်လျှောက်ရှိ ဒေသခံ ၄၀၀၀ ထက်မနည်းသည်လည်း ယနေ့ မွန်းလွဲပိုင်းကတည်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်းထာခဲ့သည်။ 

ယမန်နေ့(မတ် ၂၇)ညကလည်း မူတြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ည ၇ နာရီ မှ နံနက် ၂ နာရီအထိ လေယာဥ် ၂ စင်း ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့မှုကြောင့် ရွာသား ၃ဦးသေဆုံးပြီး ၈ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။  

သံလွင်မြစ်ကမ်းနံဘေးရှိ အာဏာသိမ်းစစ်တပ်၏ သီးမူထာ အခြေစိုက်တပ်စခန်းကို ယမန်နေ့( မတ် ၂၇ရက်) နံနက်က  KNU  တပ်မဟာ ၅ တပ်ဖွဲ့မှ တက်ရောက်သိမ်းယူပြီးနောက် စစ်ကောင်စီတပ်မှ ယခုလို စစ်လေယာဉ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လာခြင်းဖြစ်သည်။ 

လက်ရှိ ၅နာရီခွဲအထိ နောက်ဆုံး ရရှိသည့်သတင်းအရ KNU တပ်စခန်းတစ်ခုဖြစ်သည့် သေကော်ထာကိုလည်း စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ၄ ကြိမ်ထက်မနည်း လာရောက်ဖြစ်ခတ်သွားခဲ့သည်ဟု သတင်းရရှိသည်။

============================================= 

Photo caption- ယနေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်းသို့ တိမ်းရှောင်ရန် လုပ်ဆောင်နေကြသည့် အီးတူထာရွာသားများ။


KIC - ကရင်သတင်းစဉ်

https://www.facebook.com/KICNewsPage/

စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ် စစ်ကောင်စီတပ်မှ KNU တပ်မဟာ (၅) နယ်မြေတွင်း လေယာဉ်ဖြင့် ထပ်မံပစ်ခတ် Reviewed by THITHTOOLWIN on 20:35 Rating: 5

No comments:

Powered by Blogger.