KNU ထိန်းချုပ်နယ်မြေတွင်းဆန္ဒပြပွဲ တပ်ဖွဲ့တွေနဲ့ ဝန်းရံပေးခဲ့



Share/Bookmark


ကရင်ပြည်နယ် ဖာပွန်ခရိုင်နဲ့ ဘားအံခရိုင်တွေမှာ ကရင်လူထု ၄ သောင်းထက်မနည်းစစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ရာမှာ ကေအန်ယူ တပ်များက ဝန်းရံပေးခဲ့ကြတဲ့သတင်းကို မအေးအေးမာက ပြောပြပေးပါမယ် ။

ကရင်ပြနယ်ဘားအံခရိုင်နဲ့ ကရင်လို့မူတြော်ခရိုင်လို့ခေါ်တဲ့ဖာပွန်ခရိုင်မှာတော့ကရင်လူငယ်တွေကရင်ပြည်သူတွေ သောင်းနဲ့ချီပြီး မတ်လ ၅ရက်နေ့မှာဆန္ဒထုတ်ဖော်နေကြကြောင်းကရင်သတင်းစဉ်ရဲ့အမူ့ဆောင်အယ်ဒီတာချုပ် နန့်ဖောဂေ ကအခုလိုပြောပြပါတယ်။

"မူတြော်ခရိုင်မှာလုပ်တာကတော့ စုစုပေါင်းလူထုက ၂ သောင်းနီးပါးလောက်ရှိတယ်လို့သိရတယ်။ ဘားအံခရိုင်မှာလည်း ၄ နေရာလုပ်တယ်။ တချိုနေရာမှာ လူအင်အား ၅၀၀၀ လောက် တချို့နေရာမှာ ၆၀၀၀လောက်ရှိတယ်ဆိုတော့ အဲဒီဘက်မှာလည်း သောင်းချီလှုပ်ရှားကြတယ်။ ဘာအံမြိုနယ်ထဲမှာလည်း ကေအန်ယူထိမ်းချုပ်တဲ့နေရာမဟုတ်ပေမယ့် ကျေးလက်တွေမှာလည်းဆန္ဒပြနေကြတာလည်းရှိတယ်"။

ဖာပွန်ခရိုင် ရဲ့ ဆန္ဒုပြလုှပ်ရှားမူကို ဦးဆောင်တဲ့ စောစကိုင်း ကတော့ ဆန္ဒထုတ်ဖော်ရတဲ့ ရည်ရွယ်ချက်ကိုအခုလိုပြောပြပါတယ်။

"ကျနော်တို့စစ်အာဏာသိမ်းတာကို မကျေနပ်ဘူး။ ပြည်သူပြည်သားစုပေါင်းပြီးCDM လည်းလုပ်ကြမယ်။ စစ်အာဏာရှင်စနစ်ကျဆုံးရေးကတော့နံပါတ်(၁)ပဲ။ ဖမ်းဆီးခံထားရတဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တွေ ဆန္ဒပြကျောင်းသားတွေပြည်သူပြည်သားတွေအနုပညာရှင်တွေ UEU ကိုယ်စားလှယ်တွေ အမြန်ဆုံးလွှတ်ပေးဖို့တောင်းဆိုတယ်။ ၂၀၀၈ခုနှစ်ဖွဲ့စည်းပုံအလိုမရှိဘူး။ စစ်တပ်က အလိုကျလုပ်ထာတဲ့ဥပဒေကိုအမြန်ဖျက်သိမ်းပေးရမယ်။ ဖယ်ဒရယ်ဖွဲ့စည်းပုံ နဲ့သင့်တင်တဲ့ ဖွဲစည်းပုံအသစ်တခုကိုပဲရချင်တယ်။ စစ်တပ်စခန်းလူအခွင့်ရေးချိုးဖောက်လို့ ကျနော်တို့ဒေသထဲမှာမရှိစေချင်ဘူး။ ကျနော်တို့နယ်မြေကနေအမြန်ဆုံးရုပ်သိမ်းပေးဖို့ ကုလသမဂအဖွဲ့အစည်းတွေက စစ်အာဏာသိမ်းတဲ့သူတွေနဲ့အလုပ်လုပ်တာမလိုချင်ဘူး"။

မတ်လ၅ ရက်နေမှာ တော့ ကရင်ပြည်နယ်အတွင်းက ဆန္ဒပြလှုပ်ရှားမူတွေကိုတော့ စစ်တပ်နဲ့ရဲက ပစ်ခတ်ဖြိုခွဲတာမရှိသေးပါဘူး။ ကေအန်ယူလက်နက်ကိုင်တွေကလည်း သူတို့ထိမ်းချုပ်ရာဒေသက လူထုကိုလုံခြုံရေးယူပေးတာတွေ့ရတယ်လို့လည်း နန်းဖောဂေ ကတော့ပြောပြပါတယ်။

" ကေအန်ယူထိမ်းချုပ်နယ်မြေမှာတော့ကေအန်ယူက လုံခြုံရေး ယူပေးထားတာတွေရတယ် ။တားတာဆီးတာမရှိဘူး။ တျို့ဘားအံခရိုင်မှာ တချု ိ့ကေအန်ယူထိမ်းချုပ်တဲ့နေရာတွေမဟုတ်ပေမယ့် နယ်ခြားစောင့်တပ်တွေရှိတယ်။ ညှိနှိုင်းထားတာလာ ဘာာလားတော့မသိဘူး ဘာမှအနှောက်ယှက်ပေးတာတွေတော့မတွေ့ရဘူး"။

ကရင်ပြည်နယ်၊ မြဝတီမြို့မှာဆန္ဒပြထုတ်ဖော်ပွဲလုပ်ခဲ့တုန်းကတော့ သေနတ်နဲ့ဖြိုခွဲဖမ်းဆီးတာတွေရှိခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကေအန်ယူက စစ်အုပ်ချုပ်ရေေးကာင်စီကိုလက်မခံကြောင်းနဲ့ သူတို့ထိမ်းချုပ်ရာဒေသက လူထုတွေကိုအကာကွယ်ပေးမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်ရှင်။ 


မအေးအေးမာ/ VOA Burmese

https://burmese.voanews.com/a/peoples-in-knu-control-area-protest-against-coup/5802790.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ