မြန်မာစစ်တပ်နဲ့ စီးပွားရေးဖက်စပ်လုပ်ငန်း Kirin ကုမ္ပဏီအဆုံးသတ်မှု နော်ဝေးရန်ပုံငွေအဖွဲ့ စောင့်ကြည့်သွားမယ်



Share/Bookmark
ဂျပန် Kirin ဘီယာ။ (မတ် ၂၊ ၂၀၁၂)

မြန်မာစစ်တပ်နဲ့ စီးပွားရေးဆက်စပ်လုပ်ကိုင်နေတဲ့ ဂျပန် Kirin ဘီယာကုမ္ပဏီကို နော်ဝေး ငွေကြေးစုဆောင်းမှု ရန်ပုံငွေအဖွဲ့ထဲကနေ ထုတ်ပစ်နိုင်ခြေ အလားအလာအတွက် စောင့်ကြည့်စာရင်းထဲမှာ ထည့်သွင်းလိုက်ပြီလို့ နော်ဝေးဗဟိုဘဏ်က ဗုဒ္ဓဟူးနေ့ကပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ဦးပိုင်ကုမ္ပဏီလီမီတက်နဲ့ ဖက်စပ်လုပ်နေတဲ့ Kirin ဘီယာကုမ္ပဏီက အခုလို မြန်မာနိုင်ငံထဲ ဒီမိုကရေစီအစိုးရကို စစ်တပ်က အာဏာသိမ်းဖယ်ရှားခဲ့တာကြောင့် ဒီဖက်စပ်လုပ်ငန်းကို အမြန်ဆုံး အဆုံးသတ်ဖို့လုပ်နေတယ်လို့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Kirin ကုမ္ပဏီမှာ ရင်းနှီးမြှုပ်နှံမှုကို ဆက်ထားမထား ဆုံးဖြတ်ချက်ချရမယ့် နော်ဝေးရန်ပုံငွေအဖွဲ့အနေနဲ့ Kirin ကုမ္ပဏီက မြန်မာစစ်တပ်နဲ့ ဖက်စပ်စီးပွားရေးလုပ်တာ ရပ်ဆိုင်းမယ့်အစီအစဉ်ကို အကောင်အထည်ဖော်တဲ့အပေါ် စောင့်ကြည့်သွားမယ်လို့ နော်ဝေးဗဟိုဘဏ် ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

အခုလို Kirin ရဲ့ မြန်မာဦးပိုင်ကုမ္ပဏီနဲ့ ဖက်စပ်လုပ်ကိုင်မှု အဆုံးသတ်မယ့်အစီအစဉ်ကြောင့် ဂျပန်အစုရှယ်ရာ အမေရိကန်ဒေါ်လာ ၁.၇ ဘီလီယံ ထည့်ဝင်ထားတာကို ရုပ်သိမ်းလိုက်မှာဖြစ်ပေမဲ့ Kirin အနေနဲ့ သူ့ဘီယာကို မြန်မာနိုင်ငံထဲ ဆက်တော့ရောင်းချင်သေးတယ်လို့ ဆိုပါတယ်။

နော်ဝေရန်ပုံငွေအဖွဲ့ကို ကြီးကြပ်ရတဲ့ NBIM ခေါ် နော်ဝေး ရင်းနှီးမြှုပ်နှံမှု စီမံရေးအဖွဲ့အနေနဲ့ ၂၀၂၀ နှစ်ကုန်အထိစာရင်းတွေအရ Kirin ကုမ္ပဏီမှာ အစုရှယ်ရာ ၁.၂၉% ၊ ငွေပမာဏ အမေရိကန်ဒေါ်လာ ၂၇၇.၁ သန်းကို ထည့်ဝင်ထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/fund-put-japan-kirin-on-watch-over-myanmar/5801354.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ