ပြည်သူကို လက်နက်နဲ့ ဆက်ခြိမ်းခြောက်နေရင် ကာကွယ်သွားမယ်လို့ KIO ပြော



Share/Bookmark
ပြည်သူကို လက်နက်နဲ့ ဆက်ခြိမ်းခြောက်နေရင် ကာကွယ်သွားမယ်လို့ KIO ပြော KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ ကို ၂၀၁၈၊ မေ ၄ ရက်နေ့က တွေ့ရစဉ် / Photo: RFA

စစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို လက်နက်နဲ့ ခြိမ်းခြောက်ဖြိုခွဲ နေတာတွေဟာ ဒီမိုကရေစီလမ်းကြောင်းနဲ့ လွဲချော်နေပြီး ဆက်လက်လုပ်ဆောင်မယ်ဆိုရင် ပြည်သူတွေကို ကာကွယ်သွားမယ် လို့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

KIA အနေနဲ့ ပြည်သူလူထုနဲ့ တစ်သားတည်း ရပ်တည်နေတဲ့အဖွဲ့အစည်းဖြစ်ပြီး တပ်မတော် က ပြည်သူကို လက်နက်နဲ့ခြိမ်းခြောက်ဖြိုခွဲတာတွေ ဆက်လုပ်နေမယ်ဆိုရင် တစ်နည်းနည်းနဲ့ ပါဝင်သွားမှာပဲလို့ ဗိုလ်မှူးကြီး နော်ဘူ က ပြောပါတယ်။

လက်ရှိမှာ KIA နဲ့ စစ်ကောင်စီလက်နက်ကိုင်အဖွဲ့တွေကြား ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ နေ့တိုင်း နီးပါး တိုက်ပွဲဖြစ်နေတယ်လို့လည်း ဗိုလ်မှူးကြီး နော်ဘူ ကပြောပါတယ်။

အနိုင်ရပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ CRPH အဖွဲ့နဲ့ တရားဝင် တွေဆုံတာ တွေတော့ မရှိသေးလို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

လက်ရှိ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့သူတွေကို အကြမ်းဖက်ပစ်ခတ်ဖြိုခွဲတာတွေရှိတာကြောင့် KNU၊ TNLA အဖွဲ့တွေ ကတော့ ဆန္ဒပြပြည်သူတွေကို အကာအကွယ်ပေးတာတွေ ပြုလုပ်နေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/kio-will-protect-people-03092021010958.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ