ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော

မတ် ၈ 

မတရားလွန်လာပါက KIO/ KIA အနေဖြင့် နည်းလမ်း တစ်ခုခုနှင့် ပါ၀င်မည်ဖြစ်‌ ကြောင်း KIO / KIA သတင်းနှင့် ပြန်ကြားရေးတာ၀န်ခံံ ဗိုလ်မှူးကြီးနော်ဘူက ဒီက နေ့ မြစ်ကြီးနားမြို့ ဆန္ဒထုတ်‌   ဖော်သည့် ပြည်သူများ သွေးထွက်သံယို ဖြစ်လာသည့် အပေါ်ပြောဆိုခဲ့ခြင်းဖြစ်သည်။

"ပြည်သူလူထုကို ထိလာရင်တော့ နည်းလမ်းတစ်ခုခုနဲ့ ပါ၀င်မှာဖြစ်တယ် KIA / KIO က ပြည်သူလူထုနဲ့ တစ်ထပ်တည်းရှိ‌ နေတယ်။ပြည်သူလူထုကို သတ်ဖြတ်တယ် ဆိုရင်တော့ ကျွန်တာ်တို့ KIO/ KIA လည်း လက်နက်ကိုင်အဖွဲ့ဖြစ်တယ်။ ပြည်သူတွေကို အကြမ်းဖက်သတ်ဖြတ်လာရင်တော့ ကျွန် တော်တို့ KIO/ KIA တွေကလည်း နည်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ်" ဟု ဗိုလ်မှူးကြီးနော်ဘူ က မြစ်ကြီးနားသတင်းဂျာနယ် သို့ပြောသည်။

မြစ်ကြီးနားမြို့က ဆန္ဒပြပြည်သူလူထုများ သွေးထွက်သံယို ဖြစ်အောင် ရဲနှင့်တပ်မှ လက်နက်ဖြင့်ပစ်ခတ်ဖြိုခွင်းမှုကို အလွန်၀မ်းနည်း ကြေကွဲပြီး ပြည်သူလူထုနှင့် ထပ်တူ ဖြစ်ကြောင်း KIO/KIA က ပြောသည်။

ယခုကဲ့သို့ သွေးထွက်သံယို မဖြစ်အောင် KIO/ KIA က ပြီးခဲ့သည့်လက ထုတ်ပြန်ချက်ကိုလည်း ထုတ်ပြန်ထားပြီဖြစ်ပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုလည်း PCG မှတစ်ဆင့် အကြမ်းဖက်နည်းလမ်းနှင့် ‌မဖြေရှင်းရန် ပြောဆိုထားပြီဖြစ်သည်။

ထို့အပြင် အာဏာရှင်စနစ် အမြစ်ပြတ် ကျရှုံးရေး ဆန္ဒထုတ် ဖော်နေသည့် ပြည်သူများကိုလည်း ဆက်လက်ပြီး အာဏာရှင်စနစ် အမြစ်ပြတ်ခြေမှုန်းရန် တိုက်တွန်းထားသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော ပြည်သူတွေကို သတ်ဖြတ်လာရင်တော့ KIO/ KIA ကလည်း နည်းလမ်းတစ်ခုခုနဲ့ ပါ၀င် လာနိုင်တဲ့ အခြေအနေအများကြီးရှိတယ် ဟု KIO ပြော Reviewed by THITHTOOLWIN on 04:28 Rating: 5

No comments:

Powered by Blogger.