အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက KIA တပ်စခန်းများကို လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့

မတ် ၂၇ 

မတ်လ ၂၇ ရက်နေ့ နေ့လယ် ၁၁နာရီ၀န်းကျင်ခန့်တွင်  ခရာဘွမ်ရှိ အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက မိုင်ဆပ်ပါကျေးရွာအနီးနှင့် အလဲန့်ဘွမ် KIA တပ်စခန်းများသို့ လက်နက်ကြီးဖြင့် ၄ကြိမ်ပစ်ခတ်ခဲ့ကြောင်း KIO/KIA မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

" ဒီနေ့ ၁၁နာရီ၀န်းကျင်မှာ ၃/၄ကြိမ်ပစ်တယ်တဲ့။ နေရာတကာတိုင်း လျှောက်ပစ်နေတာဖြစ်ပါတယ်။" ဟု ၎င်းကပြောသည်။

ဒေါ့ဖုန်းယာန်မြို့နယ် အလောဘွမ်တွင်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို မတ်လ  ၂၅ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ သိမ်းပိုက်လိုက်ပြီဖြစ်သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက KIA တပ်စခန်းများကို လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့ အာဏာသိမ်းစစ်တပ်မှ လိုင်ဇာအနီးက   KIA တပ်စခန်းများကို လက်နက်ကြီးဖြင့် (၄)ကြိမ်ပစ်ခတ်ခဲ့ Reviewed by THITHTOOLWIN on 22:38 Rating: 5

No comments:

Powered by Blogger.