ဒေါ့ဖုန်းယန်မြို့နယ်က အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို KIA သိမ်းပိုက်


ဒေါ့ဖုန်းယန်မြို့နယ် အလောဘွမ်တွင်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း KIO/KIAမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောသည်။

" အောင်နိုင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး စစ်ဦးစီးချုပ်ရုံးကနေ အတည်ပြုပေးတာကတော့ မရှိသေးဘူး။ ဒါပေမယ့် ရှေ့တန်းက ရဲဘော်တွေသတင်းပို့လာတာကတော့ ဒီမနက် ၄နာရီနဲ့၅နာရီကြားမှာ သူတို့ သိမ်းပိုက်နိုင်ခဲ့ပြီဆိုပြီး ပြောခဲ့တယ်။ " ဟု ၎င်းကပြောသည်။

အလောဘွမ်အနီးအနားရှိ  အာဏာသိမ်းစစ်တပ်၏ တပ်စခန်းများကိုလည်း KIAအနေဖြင့်  သွားရောက်ထိုးစစ်ဆင်ခဲ့ကြောင်းလည်း ဗိုလ်မှူးကြီးနော်ဘူက ဆက်လက်ပြောသည်။

" အဲ့တပ်စခန်းတွေကိုတော့ သိမ်းပိုက်တာမျိုးတွေမရှိသေးဘူးထင်တယ်။ ပုံမှန်စောင့်ကြည့်နေကြတယ်။ ခုလည်း တိုက်ပွဲက မပြီးသေးဘူးပေါ့။ " ဟု ပြောသည်။

အဆိုပါ အလောဘွမ်အာဏာသိမ်းစစ်တပ်၏ တပ်စခန်းသည် ယခင်ဒုတိယကမ္ဘာစစ်တွင် အင်္ဂလိပ်ခေတ်များ စစ်စခန်းချသည့်နေရာဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်အနီးစပ်ဆုံး စစ်တပ်စခန်းလည်းဖြစ်ကြောင်း သိရသည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/

ဒေါ့ဖုန်းယန်မြို့နယ်က အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို KIA သိမ်းပိုက် ဒေါ့ဖုန်းယန်မြို့နယ်က အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတခုကို KIA သိမ်းပိုက် Reviewed by THITHTOOLWIN on 22:35 Rating: 5

No comments:

Powered by Blogger.