အာဏာသိမ်းစစ်တပ်အောက်ရှိ ဖားကန့် ရဲစခန်းများကို KIA က တိုက်ခိုက်

အာဏာသိမ်းစစ်တပ်အောက်ရှိ ဖားကန့် ရဲစခန်းများကို KIA က တိုက်ခိုက်

ဖားကန့် နမ့်မှော်ကျေးရွာအနီးရှိ အာဏာသိမ်းစစ်တပ်လက်အောက်ရှိ ရဲစခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉အောက် တပ်ရင်း ၆ က ယနေ့ မနက်ပိုင်းက သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

နံနက် ၁နာရီခန့်မှ ၂နာရီအချိန်အထိ နန့်မှော်ကျေးရွာနဲ့ မှော်လကင်ကျေးရွာ အထက်ရှိ ရဲတပ်ရင်း အမှတ် (၃၀) တိုက်ခိုက်ခံရကြောင်း ဒေသခံတစ်ဦးထံမှသိရသည်။

"ဖြစ်တာက ဘယ်လိုပုံစံနဲ့ ဖြစ်တာတော့ မသိရဘူး။ လက်နက်သံတွေ ပစ်ကြတာဘဲ ကြားနေရတယ်။ ရဲကင်းနဲ့ဖြစ်တာတော့ သေချာတယ်"ဟု KNG သတင်းဌာနကို ဖြေဆိုခဲ့သည်။

ရဲစခန်းအတွင်း ပစ်ခတ်တိုက်ခိုက်မူကြောင့် ရဲဘက်မှ ထိခိုက်ဒဏ်ရာ ရသူများလည်း ရှိနေကြောင်းသိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မှော်လကင်ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျသဖြင့် ဒေသခံ ဦးကျော်ဘဇံ ဆိုသူက ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ကြောင်းလည်းသိရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်မဟာ ၉ တပ်ဖွဲ့သည် လက်ရှိအချိန်တွင် ပြည်နယ်အတွင်း အာဏာသိမ်းစစ်တပ်နှင့် ၎င်း​၏ လက်အောက်ခံ ပြည်သူ့စစ် နှင့် ရဲတပ်ရင်းများကိုလည်း တိုက်ခိုက်နေသည်ကို တွေ့ရသည်။

အလားတူ KIA တပ်မဟာ ၉ နယ်မြေအတွင်းရှိ ဘာသာရေးဆိုင်ရာအဆောက်အဦးများနှင့် ခရီးသွား ကုန်တင်ယာဉ်များကို အာဏာသိမ်းစစ်တပ်​၏ လက်နက်ခဲယမ်းထားသိုမှုနှင့် သယ်ဆောင်ခြင်းမပြုရန် သတိပေးထားကြောင်းလည်း သိရသည်။


Kachin News Group

https://www.facebook.com/theKachinNews

အာဏာသိမ်းစစ်တပ်အောက်ရှိ ဖားကန့် ရဲစခန်းများကို KIA က တိုက်ခိုက် အာဏာသိမ်းစစ်တပ်အောက်ရှိ ဖားကန့် ရဲစခန်းများကို KIA က တိုက်ခိုက် Reviewed by THITHTOOLWIN on 21:42 Rating: 5

No comments:

Powered by Blogger.