ဖားကန့်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်ဖြစ်နေ


ကချင်ပြည်နယ်၊ ဖားကန့်မှာ ဒီနေ့ မတ်လ ၁၂ ရက်မနက်ပိုင်းက ကာမိုင်းလမ်းကြောရှိ နမ့်ဟိုင်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့ မတ်လ ၁၁ ရက်မနက်ကတည်းက ဖားကန့်၊ ဆယ်ဇင်းကျေးရွာအနီး မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ကာမိုင်းမှာ တပ်စွဲထားတဲ့ ဗျူဟာကုန်းကနေ လက်နက်ကြီး အချက်(၅၀)ထက်မနည်း ပစ်ကူပေးနေခဲ့ရသလို လေယာဉ်ပစ်ကူများပါ ပါဝင်နေရကြောင်း ကာမိုင်းဒေသခံတွေကပြောပါတယ်။

လက်ရှိအချိန်မှာ ဖားကန့်မြို့နယ်ကို ဝင်ထွက်လမ်းတစ်ခုဖြစ်တဲ့ ကာမိုင်း‌လမ်းကြောနဲ့ နန့်ယားလမ်းကြောတစ်လျှောက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ထိ နှစ်ဖက်တပ်များ၏ ထိခိုက်သေဆုံးမှုများအား မသိရှိရသေးပေမယ့် တိုက်ပွဲဖြစ်ပွားရာ ကျေးရွာအနီးကဒေသခံတွေကတော့ ဘာသာရေးကျောင်းတွေမှာ ရောက်ရှိခိုလှုံနေရပါတယ်။

မနေ့မနက်က ဆယ်ဇင်းမှာ တိုက်ပွဲဖြစ်ပွားတာကို KIA ပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘူကတော့ ဟုတ်မှန်ကြောင်းအတည်ပြုထားပါတယ်။ ဒီနေ့မနက် တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့နဲ့ KIA တို့ထံ ဘီဘီစီက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-5633123

ဖားကန့်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်ဖြစ်နေ  ဖားကန့်မှာ တပ်နဲ့ KIA တို့ တိုက်ပွဲ ဆက်ဖြစ်နေ Reviewed by THITHTOOLWIN on 20:36 Rating: 5

No comments:

Powered by Blogger.