ဒေသတွင်း ရွှေ့ပြောင်းလုပ်သားတွေအပေါ် အကြမ်းဖက်မှု ရပ်တန့်ဖို့ ကုလ IOM တောင်းဆို



Share/Bookmark
မှတ်တမ်းဓါတ်ပုံ ဖေဖော်ဝါရီ ၂၅ ရက်နေ့က ဆန္ဒပြ စက်ရုံအလုပ်သမားများ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက် ဖြိုခွင်းမှုတွေကို အဓိက ခံစားနေရသူတွေထဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေ ပါဝင်နေကြောင်း ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။

ခန့်မှန်းခြေ မြန်မာနိုင်ငံသား ၄ ယောက်မှာ ၁ ယောက်နှုန်းဟာ ပြည်တွင်း၊ ပြည်ပရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပြီး၊ မြန်မာနိုင်ငံမှာ လက်ရှိ အကျပ်အတည်းတွေရဲ့ဒဏ်ကို အဓိက ခံစားနေရသူတွေထဲမှာ ပါဝင်နကြောင်း ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာ နိုင်ငံတကာအဖွဲ့ IOM ရဲ့ ပြောကြားချက်ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က ဗုဒ္ဓဟူးနေ့ သတင်းစာရှင်းလင်းပွဲမျာ ပြောဆိုလိုက်တာပါ။

“ပြည်တွင်း ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေထိုင်ရာ အရပ်မှာ အကြမ်းဖက် ဖြိုခွင်းမှုတွေ ပေါ်ပေါက်နေပြီး၊ အကြမ်းဖက် လုပ်ရပ်တွေကို ချက်ခြင်းရပ်ဖို့လည်း IOM အဖွဲ့က တောင်းဆိုထားသလို၊ ရွှေ့ပြောင်းအလုပ်သမားတွေ တခြားထိလွယ်ရှလွယ် လူမှုအသိုင်းအဝန်းနဲ့ မြန်မာပြည်သူတွေ အားလုံးရဲ့ အခြေခံ အခွင့်အရေးတွေ၊ ဆန္ဒတွေကို အသိအမှတ်ပြု လေးစားဖို့လည်း တောင်းဆိုထားပါတယ်။” လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့တာပါ။

ရန်ကုန်တိုင်းအတွင်းက ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြား နေထိုင်ရာ အရပ်တွေ အပါအဝင် မြို့နယ် ၆ ခုမှာ အာဏာပိုင်တွေ စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပြီး ဆန္ဒပြလှုပ်ရှားမှုတွေကို အပြင်းအထန် နှိမ်နင်းခဲ့ရာက လူပေါင်းထောင်သောင်းချီ ဘေးလွတ်ရာ တိမ်းရှောင်နေချိန်မှာပဲ ကုလသမဂ္ဂရဲ့ သတိပေးချက် ထွက်ပါ်လာတာလည်း ဖြစ်ပါတယ်။

ဆန္ဒပြလှုပ်ရှားမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်နဲ့ အနည်းဆုံး ကလေး ၁၅ ယောက်ထက်မနည်း သေဆုံးခဲ့ကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ခန့်မှန်းထားကြောင်းလည်း အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရသူက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။ ငြိမ်းချမ်းစွာ ဆန္ဒပြလှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဥပဒေမဲ့ ဖမ်းဆီးထားသူ ၂ ထောင်ကျော် ရှိနေတာကြောင့် မြန်မာနိုင်ငံ အခြေစိုက် ကုလသမဂ္ဂ အဖွဲ့အစည်းတွေ အနေနဲ့ အလွန်အမင်း စိတ်သောက ရောက်ရကြောင်းလည်း ပြောဆိုထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-factory-workers-iom-/5818529.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ