ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ကို ICC (နိုင်ငံတကာရာဇဝတ်ခုံရုံး)ကတစ်ဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားမယ်လို့ ဒေါက်တာဆာဆာ ပြော
သောကြာနေ့က ကျင်းပခဲ့တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ တံခါးပိတ်ဆွေးနွေးပွဲအတွက် CRPH ဘက်က တင်ပြတောင်းဆိုထားပေမယ့် လုံခြုံရေးကောင်စီက အားလုံးသဘောတူကြေညာချက်ထုတ်ပြန်နိုင်မှု မရှိခဲ့တာနဲ့ပတ်သက်လို့ CRPH ရဲ့ ကုလသမဂ္ဂအထူးသံတမန် ဒေါက်တာဆာဆာကတော့ R2P - Responsibility to Protect ကုလတပ်တွေ ဝင်ရောက်ကာကွယ်ခွင့်အပြင် တခြားသံတမန်နည်းလမ်းတွေ၊ နောက်ပြီး အိုင်စီစီ လမ်းကြောင်းကနေပါ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
BBC Burmese
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အဖွဲ့ကို ICC (နိုင်ငံတကာရာဇဝတ်ခုံရုံး)ကတစ်ဆင့် ဖမ်းဝရမ်းထုတ်နိုင်ဖို့ ကြိုးစားမယ်လို့ ဒေါက်တာဆာဆာ ပြော
Reviewed by THITHTOOLWIN
on
22:54
Rating:

No comments:
Post a Comment