သာသနာ့နယ်မြေတွင် ပစ်ခတ်မှုကို စစ်ကိုင်း IBEC ကျောင်း ပြင်းထန်စွာရှုတ်ချဟု ထုတ်ပြန်

ဓာတ်ပုံ- IBECကျောင်း စတော့ဟုမ်း ကမ္ဘာ့ငြိမ်းချမ်းရေးဆုရှင် ဆရာတော် ဒေါက်တာအရှင်သောဘိတ မှ စစ်ကိုင်းတိုင်းကောင်စီထံ မတ်လ-၃ရက်နေ့ကပေးပို့ခဲ့သော စာ။

မုံရွာ၊မတ်-၁၀

ယနေ့ နံနက်ပိုင်းက စစ်ကိုင်းမြို့ထွဋ်ခေါင်ရွာ IBEC ဆိုင်းဘုတ်အနီး ဆန္ဒပြလူထုအား သေနတ်ပစ်ဖောက်လူစုခွဲခြင်း၊ထွက်ပြေးသောလူငယ်များအား လိုက်လံဖမ်းဆီးခြင်း၊ IBEC ကျောင်းတော်အတွင်းသို့ ခွင့်ပြုချက်မတောင်းပဲလက်နက်ဖြင့် ရဲ ၊စစ်သား(၃၀) ခန့်ဝင်ရောက်ရှာဖွေခြင်းတို့ကို ပြင်းထန်စွာရှုတ်ချကြောင်း IBEC ကျောင်းက သတင်းထုတ်ပြန်သည်။

ဖမ်းဆီးသွားသောလူငယ်များအားညှင်းပန်း နှိပ်စက်ခြင်းမပြုပဲ ပြန်လွှတ်ရန်သက်ဆိုင်ရာ ပုဂ္ဂိုလ်များအားတယ်လီဖုန်းပြောကြားထားပြီး  ပြန်လွှတ်ပေးရန်ထပ်ဆင့်မေတ္တာရပ်ခံအပ်ကြောင်း ထုတ်ပြန်မှုတွင် ပါရှိသည်။

သာသနာ့နယ်မြေအတွင်းလက်နက်ဖြင့်ဝင်ရောက်ခြင်းရှာဖွေခြင်းသည် မည်သို့မျှမသင့်တော်မဖြစ်သင့်သောကိစ္စဖြစ်သည်ဟု ဆိုသည်။

စစ်ကိုင်းမြို့ သာသနာ့နယ်မြေ၌ လက်နက်ဖြင့်ဝင်ရောက်ခြင်း၊ အကြမ်းဖက်ဖြိုခွင်းခြင်းကိစ္စနောက်ထပ်တစ်ဖန် မဖြစ်ပေါ်ရန် IBEC ကျောင်းတော်မှ သက်ဆိုင်ရာ စစ်ဖက်အရပ်ဖက်အဖွဲ့အစည်းများကိုပြောကြားအပ်ကြောင်း ထုတ်ပြန်သည်။

သာသနာ့နယ်မြေသည်နိုင်ငံ၏ဂုဏ်ထူးဝိသေနနှင့်ပြည့်စုံသောနေရာဋ္ဌာနဖြစ်ကြောင်း ဥပဒေမှာဖေါ်ပြထားပြီးဖြစ်သည်ဟု ဆိုသည်။


Monywa Gazette

https://www.facebook.com/monywagazette

သာသနာ့နယ်မြေတွင် ပစ်ခတ်မှုကို စစ်ကိုင်း IBEC ကျောင်း ပြင်းထန်စွာရှုတ်ချဟု ထုတ်ပြန် သာသနာ့နယ်မြေတွင် ပစ်ခတ်မှုကို စစ်ကိုင်း IBEC ကျောင်း ပြင်းထန်စွာရှုတ်ချဟု ထုတ်ပြန် Reviewed by THITHTOOLWIN on 00:18 Rating: 5

No comments:

Powered by Blogger.