မြန်မာစစ်တပ်နဲ့ ဆက်နွယ်တဲ့ Google account များ ဖျက်သိမ်းခံရ



Share/Bookmark
Google အမှတ်တံဆိပ်။ (ဧပြီ ၂၉၊ ၂၀၁၈)

Google အင်တာနက်ပေါ်မှာ မြန်မာစစ်တပ်ဆက်သွယ်ရေး ကုမ္ပဏီတွေကနေ မကြာသေးခင်က ကြော်ငြာထားတာတွေကို ဆန်းစစ်နေပြီး တပ်နဲ့ ဆက်နွယ်တဲ့ Google အင်တာနက် Account လိပ်စာတွေကိုလည်း ဖျက်သိမ်းထားတယ်လို့ Google ကုမ္ပဏီကဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းအပြီး လူတွေဒါဇင်တွေနဲ့ချီ အသက်ဆုံးရှုံးခဲ့ရတဲ့နောက်မှာ အမေရိကန်နည်းပညာလုပ်ငန်းတွေအနေနဲ့ ကန့်သတ်မှုတွေ လုပ်ပေးဖို့ တက်ကြွလူပ်ရှားသူတွေက တောင်းဆိုခဲ့အပြီး Google နည်းပညာကုမ္ပဏီကြီးက ဒီနေ့ အခုလိုကြေညာလိုက်တာပါ။

Google ရဲ့ ပြောခွင့်ရအမျိုးသမီးက မြန်မာစစ်တပ်နဲ့ ပတ်သက်တဲ့ Google ဝန်ဆောင်မှု Email လိပ်စာ Accounts တွေ ဖျက်သိမ်းတာနဲ့ YouTube အင်တာနက်ဗီဒီယိုပေါ်က ထုတ်လွှင့်မှုလိုင်းတွေနဲ့ ဗီဒီယိုတွေကို ဖြုတ်ချတာအပါအဝင် အရေးယူမှုတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံထဲက ပြည်သူတွေအနေနဲ့ သတင်းအချက်အလက်တွေ စုံစမ်းတာနဲ့ ဆက်သွယ်တာတွေမှာ လုံလုံခြုံခြံုရှိရေးကို အဓိကဦးစားပေး ဆောင်ရွက်နေတယ်လို့ Google ပြောခွင့်ရသူက ဆက်ပြောပါတယ်။

မြန်မာစစ်တပ်နဲ့ပတ်သက်လို့ အခုဖျက်သိမ်းထားတာတွေထဲမှာ Gmail Account လိပ်စာတွေ Blog ပေါ်က ထုတ်ပြန်မှုတွေနဲ့ Google Play Store က ဝန်ဆောင်မှုတွေပါတယ်လို့ Google က ရှင်းပြထားပါတယ်။

ဒီအပေါ် မြန်မာစစ်တပ်ပြောခွင့်ရကို Reuters သတင်းဌာနက ဆက်သွယ်မေးမြန်းခွင့်တောင်းခဲ့ပေမဲ့ ပြန်မဖြေခဲ့ပါဘူး။ 


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-google/5808742.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ