CRPHကို နော်ဝေပါလီမန်က အသိအမှတ်ပြုထောက်ခံပေးဖို့ အော်စလိုမှာ တောင်းဆို


 ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH) ကို နော်ဝေပါလီမန်က အသိအမှတ်ပြုထောက်ခံပေးဖို့  နော်ဝေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေ မတ်လ ၄ ရက်နေ့က နော်ဝေနိုင်ငံ၊ အော်စလိုမြို့မှာ တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

အဲဒီပွဲမှာ  နော်ဝေလွှတ်တော်အမတ်တစ်ဦး တက်ရောက်ထောက်ခံ စကားပြောကြားပြီး တောင်းဆိုချက်ကို လွှတ်တော်မှာ ဆက်လက်တင်ပြဖို့ လက်ခံယူသွားပါတယ်။ 

ဆန္ဒပြပွဲကို စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး အင်အားစု ၁၀၀ လောက် တက်ရောက်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲအပြီးမှာတော့ နော်ဝေးနိုင်ငံဆိုင်ရာ မြန်မာသံရုံးကို သွားရောက်ပြီး သံရုံးဝန်ထမ်းတွေ လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH ကို ထောက်ခံဖို့နဲ့ စစ်အုပ်ချုပ်ရေးယန္တရား ပြိုလဲသွားစေရေး CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။





RFA Burmese

https://www.facebook.com/rfaburmese

CRPHကို နော်ဝေပါလီမန်က အသိအမှတ်ပြုထောက်ခံပေးဖို့ အော်စလိုမှာ တောင်းဆို CRPHကို နော်ဝေပါလီမန်က အသိအမှတ်ပြုထောက်ခံပေးဖို့ အော်စလိုမှာ တောင်းဆို Reviewed by THITHTOOLWIN on 07:34 Rating: 5

No comments:

Powered by Blogger.