မြန်မာဘက်က တိမ်းရှောင်လာသူတွေကိစ္စ မီဇိုရမ် ဝန်ကြီးချုပ် နဲ့ CRPH ဒေါ်ဇင်မာအောင် ဆွေးနွေး

Mizoram Chief Minister Zoramthanga during the online meeting on Sunday. (Zoramthanga/Twitter)

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုဟာ အကျိုးရှိတဲ့ ဆွေးနွေးမှုဖြစ်ကြောင်း အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အကြီးအကဲ Zoramthanga က ပြောကြားလိုက်ပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေရဲ့ ခံစားနေရမှုတွေ စိတ်သောကရောက်ရမှုတွေ မကြာခင်ပြေလျော့သွားစေဖို့ ဆုတောင်းပေးနေကြောင်းလည်း မတ်လ ၂၁ ရက် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြုလုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲအပြီး သူ့တွစ်တာကနေ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုတွေကို အာဏာပိုင်တွေက အကြမ်းဖက်ဖြိုခွဲနေတာကြောင့် အိမ်နီးချင်း အိန္ဒိယ နိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်သူတွေ တိုးလာနေချိန်မှာပဲ အခုလို မြန်မာနဲ့နယ်စပ်ချင်းကပ်ရက် မီဇိုရမ်ပြည်နယ်အကြီးအကဲက ဒေါ်ဇင်မာအောင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ကြောင်း အိန္ဒိယကလာတဲ့ သတင်းတွေမှာ ဖေါ်ပြထားပါတယ်။

မီဇိုရမ်ပြည်နယ်အကြီးအကဲက သူ့ရဲ့တွစ်တာကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထဲရေးဌာနအပြင် မြန်မာနိုင်ငံ အိန္ဒိယသံရုံးကိုပါ တွဲပြီး ပို့ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဘာတွေ ဆွေးနွေးတယ်ဆိုတဲ့ အသေးစိတ်ကိုတော့ ဖေါ်ပြမထားပါဘူး။

အိန္ဒိယမြန်မာ ၂ နိုင်ငံနယ်စပ်ဟာ ကီလိုမီတာ ၅၀၀ ကျော်ထိစပ်နေတာ ဖြစ်ပြီး တောတောင်ထူထပ်တဲ့ နယ်စပ်ကို ကျော်ဖြတ်ပြီး ဒုက္ခသည်တွေ ဝင်မလာအောင် တားဆီးဖို့ အိန္ဒိယဗဟိုအစိုးရက မြန်မာနိုင်ငံနဲ့ ထိစပ်နေတဲ့ ပြည်နယ် ၄ ခုကို ညွှန်ကြားထားတာ ဖြစ်ပါတယ်။

ဒါပေမယ့် မီဇိုရမ်ပြည်နယ် အာဏာပိုင်တွေကတော့ ဒီဒုက္ခသည်တွေအတွက် နယ်စပ်မှာ စခန်းတွေဖွင့်အကူညီတွေ ပေးဖို့ ဗဟိုအစိုးရကို တောင်းဆိုထားတပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/mizoram-cm-myanmar-crph-foreign-minister-hold-talks-on-refugee-influx/5823116.html

မြန်မာဘက်က တိမ်းရှောင်လာသူတွေကိစ္စ မီဇိုရမ် ဝန်ကြီးချုပ် နဲ့ CRPH ဒေါ်ဇင်မာအောင် ဆွေးနွေး မြန်မာဘက်က တိမ်းရှောင်လာသူတွေကိစ္စ မီဇိုရမ် ဝန်ကြီးချုပ် နဲ့ CRPH ဒေါ်ဇင်မာအောင် ဆွေးနွေး Reviewed by THITHTOOLWIN on 10:15 Rating: 5

No comments:

Powered by Blogger.