CRPH နိုင်ငံခြားရေးဝန်ကြီးနဲ့တောင်ကိုရီးယားလွှတ်တော်နိုင်ငံခြားရေးရာဥက္ကဋ္ဌတယ်လီဖုန်းကဆင့်ဆွေးနွေး


ပြည်ထောင်စု လွတ်တော်ကိုယ်စားပြု ကော်မတီ CRPHရဲ့ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ တောင်ကိုရီးယားလွှတ်တော် နိုင်ငံခြားရေးရာနဲ့ တောင်မြောက်ကိုရီးယား ပေါင်းစည်းရေး ဥက္ကဋ္ဌ မစ္စတာ ဆုန်ယောင်ဂီလ်းတို့ ဒီကနေ့ တယ်လီဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့ကြတယ်လို့ ဒေါ်ဇင်မာအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီ (ကိုရီးယား) ရဲ့ ဦးဆောင် အဖွဲ့ဝင်တွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် နိုင်ငံတကာ စည်းရုံးရေးကော်မတီ ကိုရီးယား ဥက္ကဋ္ဌ ဦးရန်နိုင်ထွန်း ၊ မြန်မာ့ဒီမိုကရေစီ ကွန်ယက် ပူးတွဲဥက္ကဌ ဦးစိုးမိုးသူ၊ မြန်မာ့နွေဦးတော်လှန်ရေးထောက်ခံ သူများအဖွဲ့ (ကိုရီးယား) ဥက္ကဋ္ဌ ဦးစောလှိုင်မျိုးသိန်း တို့နဲ့ မစ္စတာ ဆုန်ယောင်ဂီလ်းတို့ တွေ့ဆုံပြီး မြန်မာ့နိုင်ငံ ဒီမိုကရေစီအရေးအတွက် လွှတ်တော်နိုင်ငံခြားရေးခန်းမမှာ တွေ့ဆုံစဥ်မှာ CRPH တာဝန်ရှိသူနဲ့တွေ့ဆုံဖို့ မစ္စတာဆုန်က ကမ်းလှမ်းခဲ့ရာက အခုလို တွေ့ဆုံခဲ့တာလို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

CRPH နိုင်ငံခြားရေးဝန်ကြီးနဲ့တောင်ကိုရီးယားလွှတ်တော်နိုင်ငံခြားရေးရာဥက္ကဋ္ဌတယ်လီဖုန်းကဆင့်ဆွေးနွေး  CRPH နိုင်ငံခြားရေးဝန်ကြီးနဲ့တောင်ကိုရီးယားလွှတ်တော်နိုင်ငံခြားရေးရာဥက္ကဋ္ဌတယ်လီဖုန်းကဆင့်ဆွေးနွေး Reviewed by THITHTOOLWIN on 22:13 Rating: 5

No comments:

Powered by Blogger.