စစ်တပ်၊ ရဲနဲ့ စစ်ကောင်စီကို နိုင်ငံတကာဥပဒေအရ အရေးယူနိုင်ရေး CRPH စတင်ကြိုးပမ်း



Share/Bookmark
ဖေဖော်ဝါရီလ ၁၉ ရက်နေ့က မန္တလေးမြို့ လမ်းမပေါ်မှာ လုံခြုံရေးယူထားတဲ့ ရဲများနဲ့ စစ်တပ်တပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၁၉၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ရွေးကောက်ပွဲရလဒ်အရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အနေနဲ့ ထင်ရှားတဲ့ နိုင်ငံတကာဥပဒေအကျိုးဆောင်အဖွဲ့နဲ့ပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို နိုင်ငံတကာမှာ အရေးယူဖို့ပြင်နေပါပြီ။

နိုင်ငံတကာမှာ နာမည်ကြီးတဲ့ Volterra Fietta ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ ဆက်သွယ်ပြီး မြန်မာနိုင်ငံမှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေနဲ့မညီဘဲ အာဏာသိမ်းယူထားတဲ့ တရားမဝင် စစ်အုပ်စုရဲ့ ပြည်သူတွေအပေါ် လက်နက်နဲ့အကြမ်းဖက်တိုက်ခိုက်မူတွေအပေါ် အရေးယူနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်း CRPH က သူတို့ဖေ့စ်ဘုတ်မှာ ကြေညာထားပါတယ်။

ဒါ့အပြင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ခံထားရတဲ့ အစိုးရကို ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်အာဏာသိမ်း ဖယ်ရှားခဲ့တာအတွက်လည်း နိုင်ငံတကာမှာ အရေးယူနိုင်ရေး အကြံပေးနိုင်ဖို့ အခုလို နိုင်ငံတကာ ဥပဒေအကျိုးဆောင်အဖွဲ့နဲ့ တွဲလုပ်နေတာလို့ CRPH ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အခုလို နိုင်ငံတကာမှာ ဥပဒေကြောင်းအရ မြန်မာစစ်အာဏာပိုင်တွေကို အရေးယူနိုင်ဖို့ ကြိုးပမ်းတာက အချိန်ယူရတာဖြစ်ပေမဲ့ အရှိန်အဟုန်မြှင့်ပြီး အင်အားအပြည့်နဲ့ ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း ဒီကြေညာချက်မှာဖော်ပြထားပါတယ်။

မြန်မာ ရဲ၊စစ်တပ်နဲ့ ရာဇဝတ်သားတွေအပါအဝင် အခုလို စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတာကို အရေးယူနိုင်ရေးအတွက် အထောက်အထားတွေစုပြီး အခုလိုကြိုးပမ်းရတာလို့လည်း CRPH က ပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/crph-has-formally-engaged-the-leading-public-internation-law-frim/5810332.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ