CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ





မတ်လ ၁၀ ရက် ၂၀၂၁ ခုနှစ်။ ကေအိုင်စီ

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ -CRPH မှ ယမန်နေ့ (မတ်လ ၉ ရက်) က ဒုသမ္မတ ခန့်အပ်လိုက် သည့် မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

မန်းဝင်းခိုင်သန်း၏ ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက် မန်းဘခိုင်လမ်းရှိ နေအိမ် အား ယနေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ရဲတပ်ဖွဲ့များမှ ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု အနီးဝန်းကျင်ရှိ ပြည်သူများက ပြောသည်။

“ရဲတပ်ဖွဲ့ ကား ၃ စီးခန့်ဖြင့် မွန်းလွဲ ၂ နာရီလောက်က လာကြတာပါ ။ အခုတော့ သူတို့ပြန် သွားကြပါပြီး။ ဘာတွေပါသွားလဲဆိုတာတော့ အတိအကျ မသိရဘူး”ဟု ပြည်သူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

CRPH မှ ဒုသမ္မတအဖြစ် ခန့်အပ်ခြင်းခံရသော မန်းဝင်းခိုင်သန်းသည် ပြီးခဲ့သည့် ၂၀၂၀ ရွေး ကောက်ပွဲ၌  မြဝတီမြို့နယ် မဲဆန္ဒနယ်အမှတ် (၁၁) မှ အနိုင်ရကိုယ်စားလှယ်ဖြစ်ပြီး ယခင်က အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ခဲ့သူလည်း ဖစ်သည်။


KIC - ကရင်သတင်းစဉ်

https://www.facebook.com/KICNewsPage

CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ CRPH မှ ခန့်ထားသည့် ဒုသမ္မတ မန်းဝင်းခိုင်သန်း၏ မြဝတီမြို့ရှိ နေအိမ်အား ရဲတပ်ဖွဲ့မှ ဝင်ရောက်ရှာဖွေ Reviewed by THITHTOOLWIN on 00:20 Rating: 5

No comments:

Powered by Blogger.