CDM၀င်၀န်ထမ်းများနေရေးထိုင်ရေး မြို့ခံများကကူညီပေး

ချင်းပြည်နယ်၊ဟားခါး၊ဖလမ်း၊တီးတိန်မြို့ပြည်သူ့ဆေးရုံမှ CDM ပြုလုပ်၍ ဝန်ထမ်းအိမ်ယာမှ ဆင်းရသော ကျန်းမာရေးဝန်ထမ်းများကို ဒေသခံလူငယ်များမှ နေရေးထိုင်ရေး စီစဥ်ပေးကြောင်း ဒေသခံများထံမှ သိရပါသည်။

တီးတိန်မြို့ ဒေသခံတစ်ဦးက `သမားတော် ဆရာကြီးတွေကတော့ ချက်ခြင်း သူတို့အိမ်ကိုဘဲ ပြန်ကြတယ် ဆရာဝန်၊ ဆရာ၊ဆရာမတွေကတော့ မြို့ပေါ်မှာရှိတဲ့ ကိုယ်ပိုင် သင်တန်းကျောင်းတွေမှာ ဒေသခံလူငယ်တွေက စီစဥ်းပေးတယ် ကျန်းမာရေးဝန်ထမ်းပေါင်း သုံးဆယ်ကျော် ဝန်းကျင်လောက်ရှိမယ်"ဟုပြောသည်။

တီးတိန်မြို့တွင်  CDM ပြုလုပ်သော ကျန်းမာရေး ဝန်ထမ်းများကို ယနေ့ညနေ 

၃ နာရီ နောက်ဆုံးထားပြီး ဝန်ထမ်းအိမ်ယာမှ ဆင်းရမည်ဟု  စစ်တပ်က အမိန့်ထုတ်ပြန်ထားတယ်လို့ သိရပါသည်။

အလားတူချင်းပြည် ဟားခါးမြို့တွင်လည်း CDM ပြုလုပ်သော ဝန်ထမ်းများမှာ ညနေ ၃ နာရီခန့်နောက်ဆုံးထား၍ ဝန်ထမ်းအိမ်ယာမှ ပြောင်းရွှေ့ရကြောင်းလည်း သိရပါသည်။


Chin World

https://www.facebook.com/Chin-World-167011980026853

CDM၀င်၀န်ထမ်းများနေရေးထိုင်ရေး မြို့ခံများကကူညီပေး CDM၀င်၀န်ထမ်းများနေရေးထိုင်ရေး မြို့ခံများကကူညီပေး Reviewed by THITHTOOLWIN on 22:09 Rating: 5

No comments:

Powered by Blogger.