မြစ်ကြီးနားမြို့နယ်ရှိ CDMတွင် ပါဝင်သည့် ပညာရေး၀န်ထမ်း ဆရာ/မ များ၏ သဘောထား ထုတ်ပြန်



Share/Bookmark


မတ်၊၁၅ 

မြစ်ကြီးနားမြို့နယ်ရှိ CDMတွင် ပါဝင်သည့် ပညာရေးဝန်ထမ်းများ ဆရာ/မ မှ အာဏာသိမ်း စစ်ကောင်စီနှင့် အားပေးထောက်ခံသူများ​၏ လုပ်ဆောင်ချက်များအပေါ် ယင်းတို့၏သဘောထားကို ယနေ့ မတ်လ (၁၅)ရက်နေ့က ထုတ်ပြန်ခဲ့သည်။ 

အဆိုပါ ထုတ်ပြန်ချက်တွင် ၂၀၂၀ခုနှစ် ရွေးကောက်ပွဲတွင် ပညာရေးဝန်ထမ်းများမှ မဲမသမာမှု ပြုလုပ်ခဲ့ခြင်း မရှိကြောင်း၊ မဲမသမာမှု အကြောင်းပြ၍ စစ်အာဏာသိမ်းမှုကို ရှုံ့ချကြောင်း၊ စစ်ကောင်စီမှ ပညာရေးဝန်ထမ်းများနှင့် ပြည်သူတစ်ရပ်လုံးကို လက်နက်များဖြင့် မတရားအကြမ်းဖက်မှုကို အပြင်းအထန် ရှုံ့ချကန့်ကွက်ကြောင်း၊ CDMဝန်ထမ်းများကို မတရားခြိမ်းခြောက် ခိုင်းစေမှုကို ရှုံ့ချကြောင်း အစရှိသည်များကို ရေးသားထားသည်။ 

ထို့အပြင် စစ်ကောင်စီမှ ဦးစီးလုပ်ဆောင်သော မည်သည့် ပညာရေးသင်တန်းကိုမဆို တက်ရောက်မည်မဟုတ်ကြောင်း၊ CRPH  ကို ကြိုဆို လက်ခံကြောင်းနှင့် စစ်မှန်သော တရားမျှတမှု ရရှိမှသာလျှင် ပြည်သူ့ဝန်ထမ်းတာဝန်များကို ဆက်လက် ထမ်းဆောင်သွားမည် ဖြစ်ကြောင်းလည်း  ပါဝင်သည်။


Myitkyina News Journal

https://www.facebook.com/myitkyinanewsjournal.mm/



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ