မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ တောင်ကိုးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အကြီးအကဲ Kim Young Ho ( Vice Chairman, Foreign Affairs and Unification Committee) တို့ မတ်လ ၈ ရက် မနေ့က တွေ့ဆုံခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ မြန်မာအာဏာသိမ်း စစ်တပ်ကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ဖို့၊ CRPH ကို မြန်မာအစိုးရအဖြစ် အသိအမှတ်ပြုဖို့၊ မြန်မာပြည်အတွင်း စစ်တပ်နဲ့ ပူးတွဲလုပ်ဆောင်နေတဲ့ လုပ်ငန်းတွေ အားလုံး ရပ်တန့်ဖို့၊ စစ်တပ် မိသားစုတွေကို ဗီဇာပိတ်ပင်ပေးဖို့နဲ့ ကိုရီးယားကုမ္ပဏီဝန်ထမ်းတွေ CDM မှာ ပါဝင်လာအောင် ကူညီပေးဖို့ စတဲ့ အချက်တွေကို တောင်းဆိုခဲ့ကြတယ်လို့ ဒီတွေ့ဆုံပွဲမှာပါဝင်တဲ့ စာရေးဆရာမ မရွှေမိုးက ပြောပါတယ်။
ကိုရီးယားသံအမတ်ကြီးကလဲ မြန်မာ့အခြေအနေတွေကို UN အစည်းအဝေးမှာ ရပ်တည်ပေးမဲ့အကြောင်း၊ ဒီတင်ပြချက်တွေကိုလည်း ကိုရီးယားအစိုးရနဲ့ လွှတ်တော်မှာ ပြန်လည်တင်ပြပေးမဲ့အကြောင်းနဲ့ မြန်မာဒီမိုကရေစီ ရတဲ့အထိ ကိုရီးယားလူမျိုးတွေ ရပ်တည်ပေးမှာဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
RFA Burmese

No comments:
Post a Comment