လှိုင်သာယာမြို့နယ်၊ အမှတ် (၉) လုံခြုံရေးတပ်ဖွဲ့ အမှတ် (၃) တပ်ခွဲမှာ တပ်ခွဲမှူး တာဝန်ထမ်းဆောင်နေတဲ့ ရဲအုပ် ဝင်းသန်းထွန်း ကိုယ်ပိုင်အမှတ် လ - ၁၉၀၅၉၉ဟာ မတ် ၆ ရက်နေ့ ဒီနေ့မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာပါတယ်။
ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရမယ့် ရဲတပ်ဖွဲ့ဟာ လက်ရှိမှာ ပြည်သူ့အသက်အိုးအိမ်ကို ဖျက်ဆီးနေပြီး ပြည်သူက အပ်နှင်းတဲ့ လက်နက်နဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး ပြည်သူ့ကို သတ်နေတဲ့အတွက် လက်ရှိအဖွဲ့အစည်းမှာ တာဝန်မထမ်းဆောင်နိုင်တော့လို့ အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာတာလို့ ပြောပါတယ်။
ရဲတပ်ဖွဲ့ဝတ်စုံတွေကို တပ်မတော်က ဝတ်ဆင်ပြီး ကျည်စစ်ကျည်မှန်တွေနဲ့ ပစ်ခတ်တာတွေရှိလို့ ရဲတပ်ဖွဲ့ရဲ့ ပုံရိပ်ကျဆင်းသွားပြီလို့ သူက ပြောပါတယ်။
ရဲအုပ် ဝင်းသန်းထွန်း ပြောကြားချက်ကို ကြည့်ရှုနိုင်ပါတယ်။
RFA Burmese
လက်နက်နဲ့ ပြည်သူ့ အသက်အိုးအိမ်ဖျက်ဆီးနေတာကို လက်မခံနိုင်ဘူးလို့ CDM ရဲဝန်ထမ်း ပြော
Reviewed by THITHTOOLWIN
on
00:11
Rating:

No comments:
Post a Comment