မုံရွာစည်ပင်မှ CDMဝင် ဝန်ထမ်းတစ်ဦး ဖမ်းခံရ


မုံရွာ၊မတ် - ၉

မုံရွာမြို့နယ်စည်ပင်မှ  CDM ပြုလုပ်ထားသည့် အငယ်တန်းအင်ဂျင်နီယာ( SAE )ဦးစည်သူအောင် ယနေ့နေလည်ပိုင်းက ဖမ်းဆီးခံရကြောင်း တရားလွှတ်တော်ရှေ့နေ ဦးမိုးဇော်ထွန်းကပြောသည်။ 

၄င်းကို မုံရွာမြို့မရဲစခန်းတွင်အချုပ်ဖြင့်ထားရှိထားပြီး ပုဒ်မ ၅၀၅-ကဖြင့်တရားစွဲဆိုထားသည်။

" CDMလုပ်တဲ့သူဖြစ်လို့ ရုံးခေတ္တလာပါဆိုပြီးခေါ်တယ်။ နေ့လည်နှစ်နာရီလောက်က တခါတည်းဖမ်းပါတယ်။" ဟု  ၎င်း၏အရေးကို လိုက်ပါကူညီနေသူကပြောသည်။ 

ဖမ်းဆီးခြင်းကိစ္စအတွက် စည်ပင်မှ တာဝန်ရှိသူများကို မုံရွာဂေဇက်မှ မေးမြန်းရန်ကြိုးစားသော်လည်း မရရှိသေးပါ။

ပုဒ်မ ၅၀၅-ကသည် ကြောက်လန့် ထိတ်လန့်စေခြင်း၊ သတင်းအမှားဖြန့်ဝေခြင်း၊ အစိုးရ၀န်ထမ်းကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ခြိမ်းခြောက်ခြင်း၊ တိုက်ခိုက်ခြင်းတို့ပြုလုပ်ပါက တရားရုံးမှ ၀ရမ်းမပါပဲ ဖမ်းဆီးနိုင်ပြီး ‌ဒဏ်ငွေအပါအ၀င် ထောင်ဒဏ် သုံးနှစ်အထိချနိုင်သည်ဟု ပါရှိသည်။


Monywa Gazette

https://www.facebook.com/monywagazette

မုံရွာစည်ပင်မှ CDMဝင် ဝန်ထမ်းတစ်ဦး ဖမ်းခံရ မုံရွာစည်ပင်မှ CDMဝင် ဝန်ထမ်းတစ်ဦး ဖမ်းခံရ Reviewed by THITHTOOLWIN on 22:57 Rating: 5

No comments:

Powered by Blogger.