CDM ပြုလုပ်သည့် တက္ကသိုလ်ဝန်ထမ်း ဆရာ/မများ ကျောင်းဝန်းအတွင်းမှ ထွက်ပြေးတိမ်းရှောင်နေ



Share/Bookmark

မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝန်းအတွင်းနေထိုင်ပြီး CDM ပြုလုပ်သည့် ဆရာ/မများ ညတွင်းချင်း ကျောင်းဝန်းအတွင်းမှ တိမ်းရှောင်နေရကြောင်း သိရသည်။

ယမန်နေ့ ည ၁၁နာရီမှ ဒီကနေ့ မနက် ၅နာရီအထိ ရသည့် နည်းလမ်းများဖြင့် ထွက်ပြေးသွားကြပြီဖြစ်ကြောင်း နီးစပ်ရာ ဆရာမတစ်ဦးထံမှ သိရသည်။

"CDM ပြုလုပ်တဲ့ ဆရာ/ မတွေအားလုံးက အားလုံးထွက်ပြေးသွားကြပြီ။ မကျန်တော့လောက်ဘူး။ အခုကျန်နေတဲ့သူတွေက CDM မပြုလုပ်တဲ့သူတွေနဲ့ ရုံးပိုင်းဆိုင်ရာဝန်ထမ်းတွေပဲကျန်တော့မယ်ထင်တယ်။ ဆရာမတောင်မှ ဒီမနက် ၅ နာရီလောက်က ထွက်ပြေးခဲ့ရတယ်"ဟု KNG သတင်းဌာနကို ဖြေကြားခဲ့သည်။

ဖုန်ကန်ရာဇီ အဆောင်းအတွင်းနေထိုင်သည့် ဆရာမတစ်ဦးနဲ့ ကင်းစောင့်သမားများလည်း ဖမ်းဆီးခံထားရကြောင်းလည်း သူကဆက်လက်ပြောဆိုခဲ့သည်။

လက်ရှိတက္ကသိုလ်ကျောင်းဝန်းအတွင်းမှာ CDM မပြုလုပ်သည့် ဝန်ထမ်းများနှင့် ရုံးပိုင်းဆရာဝန်ထမ်းများသာရှိနေပြီဖြစ်ကြောင်း သိရသည်။

မတ်လ၆ရက်နေ့ ညနေပိုင်းအချိန်တွင် ရဲနဲ့စစ်သားများက တက္ကသိုလ်ကျောင်းဝန်းအတွင် ဝင်ရောက်စီးနင်းခဲ့ပြီး လာရောက်ဝန်းရံသည့် ပြည်သူလူထုမျာကိုလည်း သေနတ်ဖောက်ဖြိုခွဲ့ခဲ့ခြင်းဖြစ်သည်။

ထိုသို့ သေနတ်ဖောက်ဖြိုခွဲခဲ့ကာ ၃နာရီခန့်အကြာ ပြည်သူလူထုနဲ့ တင်းမားမူဖြစ်ပွားခဲ့ပြီးနောက် ည ၁၀နာရီခွဲအချိန်ခန့်မှသာ လူစုပြန်လည်ခွဲသွားကြောင်းသိရသည်။

မတ်လ ၇ရက်နေ့အထိ ကျောင်းဝင်းအတွင် ရဲနဲ့စစ်သားများလက်ရှိနေပြီး စီတာပူမနက်စျေးလမ်းမပေါ်အထိ ပြည်သူများသွားလာ၍မရအောင် လမ်းပိတ်ထားကာ ရဲနဲ့စစ်အင်အားများပြန်ချထားကြောင်းသိရသည်။

စစ်တပ်၏အဆိုပါလုပ်ရပ်ကို ဆန့်ကျင်ရန် ပြည်သူလူထုက ထိုနေရာတွင် လူစုလူဝေးပြုလုပ်လာစဉ် ပစ်ခတ်ဖြိုခွင်းမှုများလည်း ရှိနေသည်။


Kachin News Group

https://www.facebook.com/theKachinNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ