CDM လုပ်နေတဲ့ မလွှကုန်း မီးရထား ဝန်ထမ်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ညနေအပြီးရ​ွှေ့ပြောင်းခိုင်း




မလွှကုန်းရပ်ကွက်မှာ ပြည်သူတွေနေရာရွှေ့ပြောင်းနေကြစဥ်

ရန်ကုန်၊မတ် ၁၀ ၊၂၀၂၁

မဂ်လာတောင်ညွန့်မြို့နယ်၊ မလွှကုန်း မီးရထားစက်ခေါင်းစက်ရုံဝန်းရှိ CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့မတ်လ ၁၀ ရက် ညနေ ၆ နာရီမှာ အပြီးရွှေ့ပြောင်းခိုင်းတယ်လို့ သတင်းရရှိပါတယ်။

"CDM လုပ်တဲ့ဝန်ထမ်းနဲ့မိသားစုဝင်တွေကို ဒီနေ့ညနေ ၆ နာရီမှာအပြီးရ​ွှေ့ရမယ်၊မဟုတ်ရင် လိုင်းခန်းတွေကို မြေထိုးစက်နဲ့ထိုးမယ်ပြောလို့ ကျနော်တို့မိသားစု ကျောက်မြောင်းဖက်ကိုရွှေ့မလို့လုပ်နေပါတယ်"လို့ မလွှကုန်းရပ်ကွက်က မီးရထားဝန်ထမ်းတစ်ယောက်ကပြောကြားပါတယ်။

မလွှကုန်းနဲ့ကပ်လျက် ပုသိမ်ညွန့်ရပ်ကွက်မှာနေထိုင်သူတစ်ဦးကလည်း ပုသိမ်ညွန့်ရပ်ကွက်ကလမ်းတွေအားလုံးရဲ့ထိပ်မှာ လုံခြုံရေးတပ်ဖွဲ့ကားတွေပိတ်ရပ်ထားဆဲဖြစ်တယ်လို့ဆိုပါတယ်။


မတ်လ ၁၀ ရက်နံနက် ၆ နာရီကျော်လောက်ကစပြီးစစ်တပ်နဲ့ ရဲက အင်အားအလုံးအရင်းနဲ့ ဝင်ရောက် ဖမ်းဆီးနေတာလို့လည်း သတင်းရရှိပါတယ်။။

မလွှကုန်းမီးရထားဝင်းအတွင်း CDM ပြုလုပ်နေတဲ့ ဝန်ထမ်းပေါင်း ၆၀၀ ဝန်းကျင်ခန့်ရှိပြီး ဖေဖော်ဝါရီ ၁၁ ရက်က စပြီးCDMပြုလုပ်ခဲ့တာဖြစ်ပါတယ်။


Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ

https://www.facebook.com/GoldenTriangleRegionalNews

CDM လုပ်နေတဲ့ မလွှကုန်း မီးရထား ဝန်ထမ်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ညနေအပြီးရ​ွှေ့ပြောင်းခိုင်း CDM လုပ်နေတဲ့ မလွှကုန်း မီးရထား ဝန်ထမ်းတွေလုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒီနေ့ညနေအပြီးရ​ွှေ့ပြောင်းခိုင်း Reviewed by THITHTOOLWIN on 00:27 Rating: 5

No comments:

Powered by Blogger.