မုံရွာမှာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ CDM သစ်တော ဝန်ထမ်းရဲ့ ရုပ်အလောင်း မိသားစုဆီပြန်ရောက်


မုံရွာ-မတ် ၊ ၁၈ ၊ ၂၀၂၁

စစ်ကိုင်းတိုင်း မုံရွာမြို့  ချမ်းမြဝတီရပ်ကွက်  ကျောက္ကာလမ်း၊ မော်ကွန်းရှင် စတိုးအနီးမှာ မတ်လ ၁၅ ရက် နေ့ခင်းပိုင်းက ဖမ်းဆီးခံလိုက်ရတဲ့ CDM သစ်တော ဝန်ထမ်း ၁ ဦး ဖြစ်တဲ့ ကိုထွန်းထက်အောင် (ခ) ကိုဖိုးငယ် အသက် (၂၄)နှစ် ဟာ ဒီကနေ့ မတ် ၁၈ ရက် မနက် အစောပိုင်းက မန္တလေး ဆေးရုံမှာ အသက်ဆုံးရှုံးသွားခဲ့ပါတယ် ။

သူ့ရဲ့ ရုပ်အလောင်းကို သေဆုံးသူရဲ့ နေရပ်ဖြစ်တဲ့ မုံရွာမြို့ အလုံ မုန်တိုင်းရပ်ကွက်မှာ စျာပန ပြင်ဆင်ထားတာကို အခုလို တွေ့ရှိရပြီး မနက်ဖန် မတ် ၁၉ ရက် ညနေ ၃ နာရီမှာ သဂြိုလ်မှာ ဖြစ်တယ်လို့ သိရပါတယ်။








Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews

မုံရွာမှာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ CDM သစ်တော ဝန်ထမ်းရဲ့ ရုပ်အလောင်း မိသားစုဆီပြန်ရောက် မုံရွာမှာ ဖမ်းဆီးခံရပြီး သေဆုံးသွားတဲ့ CDM သစ်တော ဝန်ထမ်းရဲ့ ရုပ်အလောင်း မိသားစုဆီပြန်ရောက် Reviewed by THITHTOOLWIN on 20:47 Rating: 5

No comments:

Powered by Blogger.