ပညာရေးရုံးတွေကို CDM ရုံးအဖြစ်သတ်မှတ် လုပ်ဆောင်သွားမည်



ကန္တာရဝတီတိုင်း (မ်)

ကယားပြည်နယ်အတွင်းရှိ မြို့နယ်ပညာရေးမှူးရုံးတွေအပြင် ခရိုင်အဆင့်ပညာရေးမှူးရုံးတွေကိုပါ CDM ရုံးအဖြစ်သတ်မှတ်နိုင်ဖို့ ကြိုးစားသွားမယ်လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂအသင်းကပြောပါတယ်။

 မတ်လ ၁၇ ရက်နေ့က ဖရူဆိုမြို့နယ်နဲ့ ဒီးမော့ဆိုမြို့နယ်မှာရှိတဲ့ ပညာရေးမှုုးရုံးတွေကို ကျောင်းသား မိဘ ဆရာတွေနဲ့ ကျေးရွာလူထုတွေက CDM ရုံးအဖြစ်သတ်မှတ်လိုက်ပြီး တခြား မြို့နယ်တိုင်းမှာရှိတဲ့ ပညာရေးမှုုးရုံးနဲ့ ခရိုင်ပညာရေးမှုုးရုံးတွေကိုလည်း CDM ရုံးအဖြစ်သတ်မှတ်နိုင်ဖို့ကြိုးစားသွားမယ်လို့ဆိုပါတယ်။

“အဲ့လိုကျောင်းအဆင့် CDM ဖြစ်လာမယ်ဆိုရင် ကျနော်တို့မြို့နယ်အဆင့် CDM လုပ်တယ် မြို့နယ်ရုံးပေါ့။ မြို့နယ်ပညာရေးရုံးတွေကို ကျနော်တို့ CDM ရုံးဖြစ်ဖို့ ကျနော်တို့ကြိုးစားမယ် တစ်ကယ်လို့ ကျနော်တို့မြို့နယ်ရုံးတွေ အကုန်လုံးပြီးသွားရင် ပြည်နယ်၊ ခရိုင်အဆင့်ထိတက်ဖို့ ကျနော်တို့ရည်ရွယ်ထားတယ်ပေါ့” လို့ ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂအသင်း အဖွဲ့ဝင် မူလတန်းပြ ကျောင်းဆရာတစ်ဦးကပြောပါတယ်။

စစ်အာဏာရှင်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် CDM လုပ်နေကြတဲ့ ပညာရေးဝန်ထမ်း တွေဟာ လက်ရှိ ရှိနေတဲ့ ဝန်ထမ်း ဦးရေရဲ့ ရခိုင်နှုန်း တဝက်ကျော် ရှိနေပါတယ်။

CDM ပြုလုပ်တဲ့ ပညာရေးဝန်ထမ်းတွေဟာ ယခုမတ်လအတွက် လစာရရှိဖို့မသေချာပေမယ့် စစ်မှန်တဲ့ဒီမိုကရေစီပြည်လည်ရရှိဖို့ မိမိတို့လစာကိုရင်းဖို့ ဝန်မလေးဘူးလို့ဆိုပါတယ်။

 ကယားပြည်နယ်လုံးဆိုင်ရာ အခြေခံပညာဆရာများသမဂ္ဂအသင်းကနေ ပြုစုထားစာရင်းအရ ဖရူမြို့နယ်က ပညာရေးဝန်ထမ်း ၈၀၆ ဦးအနက် CDM ပြုလုပ်သည့်ဝန်ထမ်း ၆၀၄ ဦး (၇၅ ရာခိုင်နှုန်း)၊ စာသင်ကျောင်းစုစုပေါင်း ၁၀၈ ကျောင်းအနက် CDM ပြုလုပ်သည့်ကျောင်း၆၀ ကျောင်း (၅၆ရာခိုင်နှုန်း)၊ ပညာရေးမှုုးရုံးဝန်ထမ်း ၂၁ ဦးရှိသည့်အနက် CDM ဝန်ထမ်း ၄ ဦးCDM ( ရာခိုင်နှုန်း ၁၉) ရှိပါတယ်။

 ဒီးမော့ဆိုမြို့နယ်မှာတော့ ပညာရေးဝန်ထမ်း ၁၅၀၇ ဦးရှိပြီး CDM ပြုလုပ်သည့်ဝန်ထမ်း ၁၃၃၀ ဦး (ရာခိုင်နှုန်း ၈၈)၊ စာသင်ကျောင်းပေါင်း ၁၃၁ကျောင်းရှိသည့်အနက် CDM ပြုလုပ်သည့်ကျောင်း ၁၁၇ ကျောင်း (၈၉ ရာခိုင်နှုန်း)၊ ပညာရေးမှုုးရုံးဝန်ထမ်း ၂၆ ဦးရှိသည့်အနက် CDM ပြုလုပ်သည့်ဝန်ထမ်း ၁၆ ဦး ( ရာခိုင်နှုန်း ၆၂) ရှိတယ်လို့သိရပါတယ်။

ကျန်တဲ့မြို့နယ်တွေက CDM စာရင်းတွေနဲ့အတူ တစ်ပြည်နယ်လုံးအတိုင်းအတာ CDM စာရင်းကိုလည်း စာရင်းပြုစုနေဆဲဖြစ်တယ်လို့ သိရပါတယ််။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

ပညာရေးရုံးတွေကို CDM ရုံးအဖြစ်သတ်မှတ် လုပ်ဆောင်သွားမည် ပညာရေးရုံးတွေကို CDM ရုံးအဖြစ်သတ်မှတ် လုပ်ဆောင်သွားမည် Reviewed by THITHTOOLWIN on 07:03 Rating: 5

No comments:

Powered by Blogger.