တနိုင်းမြို့နယ်၊ထ(၁) ကျောင်းအုပ်ဆရာမကြီးမှ CDM ပါ၀င်သည့် ပညာရေး၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုဟုဆို
မတ်-၁၄
တနိုင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က (၁) မှ ကျောင်းအုပ်ဆရာမကြီးက Civil Disobedience Movement (CDM) တွင် ပါ၀င်သည့် ပညာရေး၀န်ထမ်းအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုကြောင်း သိရသည်။
"ကျွန်မကို လာပြောတာတော့မဟုတ်ဘူး။ ကျွန်မက ၀န်ထမ်းအိမ်ရာမှာ မနေဘူး။ ဆရာမတစ်ယောက်ကို လာပြောတာ။ ဆန္ဒပြတဲ့ထဲ၊ CDM လုပ်တဲ့ထဲပါရင် ၀န်ထမ်းအိမ်ရာကနေ ထွက်သွားပေးဆိုပြီးပြောတာ" ဟု ဆရာမတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်သို့ ပြောသည်။
ကာယကံရှင်ဖြစ်သူ ဆရာမအနေဖြင့်လည်း (CDM) တွင် ဆက်လက်ပါ၀င်သွားရန်နှင့် ၀န်ထမ်းအိမ်ရာမှ ထွက်ခွာသွားရန်လည်း ဆုံးဖြတ်ထားကြောင်း သိရသည်။
တနိုင်းမြို့နယ်တွင်းရှိ ဆရာ/ဆရာမ များအနေဖြင့် (CDM) တွင်ပါ၀င်သူများရှိကြောင်း ၊ ပြည်သူများနှင့်အတူ တစ်သားတည်းရှိနေကြောင်း ၎င်းက ဆိုသည်။
Myitkyina News Journal
တနိုင်းမြို့နယ်၊ထ(၁) ကျောင်းအုပ်ဆရာမကြီးမှ CDM ပါ၀င်သည့် ပညာရေး၀န်ထမ်းများအား ၀န်ထမ်းအိမ်ရာတွင် နေခွင့်မပြုဟုဆို
Reviewed by THITHTOOLWIN
on
03:45
Rating:

No comments:
Post a Comment