တန့်ယန်း CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှဖယ်ရှားခံရ

သျှမ်းသံတော်ဆင့်၊ မတ် ၁၁ရက် 

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့စစ်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပူးပေါင်းပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများ ယနေ့(မတ် ၁၁)ရက်တွင်ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံရကြောင်း သတင်းရရှိသည်။

တန့်ယန်း ကျန်းမာရေးဝန်ထမ်းအိမ်ယာထဲတွင် CDM ပြုလုပ်ထားသည့် ကျန်းမာရေးဝန်ထမ်း အနည်းငယ်သာကျန်ရှိနေကြောင်း၊ အများစုမှာ တခြားနေရာသို့ ပြောင်းရွှေ့နေထိုင်နေကြပြီးဖြစ်ကြောင်း သိရသည်။

“ မနေ့(မတ် ၁၀)ရက် က CDMဆက်လုပ်ရင် ဝန်ထမ်းအိမ်ယာကနေ ထွက်သွားဖို့ လာပြောတေယ်။ မလုပ်သူတွေကတော့ဆက်နေဖို့ လာပြီးအကြောင်းကြားပါတယ်။ ဒါကြောင့်CDM ဆက်လုပ်တဲ့အနေနဲ့  ဝန်ထမ်းအိမ်ယာကနေ ထွက်သွားကြတာပါ” ဟု တန့်ယန်းဒေသခံတဦးက ပြောသည်။

သက်ဆိုင်ရာက CDM ဆက်မလုပ်ပါက ကျန်းမာရေးဝန်ထမ်းအိမ်ယာတွင် ဆက်နေထိုင်ရန်ပြောသော်လည်း ဝန်ထမ်းများက CDM ဆက်လက်ပါဝင်မည်ဖြစ်သဖြင့် အိမ်ယာမှ ထွက်ခွာပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့တွင်လည်း သျှမ်းမြောက် နမ့်ဆန်မြို့ ကျန်းမာရေးဝန်ထမ်း (၁၂)ဦး နှင့် မန်တုံ ကျန်းမာရေး ဝန်ထမ်း (၁၁)ဦးသည် CDMပါဝင်သဖြင့် ဝန်ထမ်းအိမ်ယာမှ ဖယ်ရှားခံခဲ့ရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

တန့်ယန်း CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှဖယ်ရှားခံရ တန့်ယန်း  CDM ကျန်းမာရေးဝန်ထမ်းများ အိမ်ယာမှဖယ်ရှားခံရ Reviewed by THITHTOOLWIN on 01:30 Rating: 5

No comments:

Powered by Blogger.