ဟုမ္မလင်းဆေးရုံဝန်းနေ CDM ဝန်ထမ်းများရွှေ့ပြောင်းရ





ဟုမ္မလင်း၊ မတ် - ၁၀

စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့တွင် CDM ပြုလုပ်ထားသော ကျန်းမာရေးဝန်ထမ်းများအား ဆေးရုံဝန်းအတွင်းမှရွှေ့ပြောင်းခိုင်းကြောင်းဝန်ထမ်းများက ပြောသည်။

ဟုမ္မလင်းမြို့ ကုတင် ၁၀၀ ဆံ့ဆေးရုံရှိ CDM ပြုလုပ်ထားသောဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ရဲတပ်ဖွဲမှူးနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန ဦးစီးမှူးတို့က  လာရောက်၍ ရွှေ့ပြောင်းခိုင်းခဲ့သည် ဟုဆိုသည်။

"CDM ဆက်လုပ်မယ်ဆို ဒီဆေးရုံဝန်းအတွင်းကနေထွက်ပေးပါ ။ကျွန်တော်တို့နဲ့ပူးပေါင်းမယ်ဆိုရင်တော့ ဆက်နေပြီး လုံခြုံရေးပါထားပေးမယ်လို့ ပြောပါတယ်၊ ကျွန်မတို့အထုပ်အပိုးတွေပြင်ပြီး ရွာကိုပြန်ပါတော့မယ်"ဟုကျန်းမာရေးဝန်ထမ်းတစ်ဦးကပြောသည်။

အဆိုပါ ဆေးရုံတွင် CDM ပြုလုပ်ထားသော ကျန်းမာရေးဝန်ထမ်း ၂၉၄ ယောက်ရှိပြီး ကား၊သုံးဘီးများဖြင့်ရွှေ့ပြောင်းနေကြောင်းသိရသည်။


Monywa Gazette

https://www.facebook.com/monywagazette

ဟုမ္မလင်းဆေးရုံဝန်းနေ CDM ဝန်ထမ်းများရွှေ့ပြောင်းရ ဟုမ္မလင်းဆေးရုံဝန်းနေ CDM  ဝန်ထမ်းများရွှေ့ပြောင်းရ Reviewed by THITHTOOLWIN on 00:16 Rating: 5

No comments:

Powered by Blogger.