ကျန်းမာရေးဝန်ထမ်းတွေ CDM ပြုလုပ်ချိန် လူထုကျန်းမာရေးစောင့်ရှောက်မှု တိုးမြင့်ဆောင်ရွက်ပေးမည်ဟု CHDN ဒါရိုက်တာပြော

ကန္တာရဝတီတိုင်းမ်

စစ်အာဏာရှင်စနစ် ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ဆေးရုံဝန်ထမ်းတွေ CDM  ပြုလုပ်နေချိန် ကျေးလက်ဒေသတွေမှာ ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေကို တိုးမြှင့်လုပ်ဆောင်ပေးမယ်လို့  လူထုကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးကွန်ယက်(CHDN)  ဒါရိုက်တာ ခွန်းဖိလစ်က ပြောပါတယ်။ 

“ ကျနော်တို့ အခက်အခဲရှိတယ်ပေါ့နော။ ဝန်ထမ်းတွေသွားလာတဲ့နေရာမှာ လုံခြုံရေးအပိုင်းပေါ့။ အခက်အခဲတော့နည်းနည်းပိုရှိမယ်။ ဒါပေမယ့် လူထုတွေက အခုချိန်မှာ CDM ဖြစ်နေတဲ့အတွက် ဝန်ဆောင်မှုပိုလာယူချင်တယ်။ ကျနော်တို့နားမှာပိုလာကြတယ်ဆိုတော့ ကျနော်တို့အချိန်ပဲဖြစ်ဖြစ် လူအင်အားပဲဖြစ်ဖြစ်ပိုပြီးတော့ လုပ်ရမှာပေါ့။ “

 CHDN အဖွဲ့ဟာ ကျေးလက်ဒေသတွေကို အဓိကထားပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်း ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

မြို့ပြဒေသတွေမှာတော့  သီးသန့်ဆေးခန်းမဖွင့်ပေးနိုင်ပေမယ့် CHDNဝန်ထမ်းတွေကို ကျန်းမာရေးနဲ့ ပတ်သက်ပြီး အကူအညီတောင်းခံနိုင်တယ်လို့ ခွန်းဖိလစ်က ဆက်ပြောပါတယ်။

ကရင်နီပြည်နယ်အတွင်းက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့၆ဖွဲ့ရဲ့  လက်အောက်က ကျန်းမာရေးဝန်ထမ်းတွေပူးပေါင်းပြီး CHDN ကို ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

၂၀၁၂ခုနှစ် ဩဂုတ်လမှာ စတင်ဖွဲ့စည်းခဲ့ပြီးတော့ ကယားပြည်နယ်က မြို့နယ် ၇မြို့နယ်၊ ရှမ်းပြည်နယ်က ၂မြို့နယ်၊ ကရင်ပြည်နယ်က ၁မြို့နယ်ကို ဝန်ထမ်း၅၀၀ ကျော်နဲ့  ဆေးခန်းမှာသော်လည်းကောင်း အိမ်တိုင်ရာရောက်သော်လည်းကောင်း ကျန်းမာရေးနဲ့ပတ်သက်တဲ့လုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes

ကျန်းမာရေးဝန်ထမ်းတွေ CDM ပြုလုပ်ချိန် လူထုကျန်းမာရေးစောင့်ရှောက်မှု တိုးမြင့်ဆောင်ရွက်ပေးမည်ဟု CHDN ဒါရိုက်တာပြော ကျန်းမာရေးဝန်ထမ်းတွေ CDM ပြုလုပ်ချိန် လူထုကျန်းမာရေးစောင့်ရှောက်မှု တိုးမြင့်ဆောင်ရွက်ပေးမည်ဟု  CHDN  ဒါရိုက်တာပြော Reviewed by THITHTOOLWIN on 20:15 Rating: 5

No comments:

Powered by Blogger.