မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက CDM မှာပါဝင်လာတဲ့ ဝန်ထမ်း ၂၀၀ ကျော်ရှိလာ၊ ငါန်းဇွန်မြို့က ကျန်းမာရေးဝန်ထမ်း ၁၃၀လည်း CDM လုပ်

ဖေဖော်ဝါရီ ၃ ရက်ကနေ့ မတ် ၇ ရက်နေ့အတွင်း မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ နေပြည်တော်တပ်ကုန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနခွဲတွေက အရာထမ်း၊အမှုထမ်းတွေ၊နယ်ဗျူရို(၁၁)ခု နဲ့ နယ်ထပ်ဆင့် လွှင့် စက်ရုံတွေက အရာထမ်း၊အမှုထမ်း စုစုပေါင်းလူပေါင်း (၂၀၄)ဦးဟာ ဖေဖော်ဝါရီ ၃ ရက်ကနေ့ မတ် ၇ ရက်နေ့အတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာကြပြီလို့ သိရပါတယ်။

CDMပြုလုပ်သူတွေထဲက အရာထမ်း ၁ဦးနှင့် အမှုထမ်း၂ဦးကို တာဝန်မှယာယီရပ်ဆိုင်းခံထားရတယ် လို့လည်း သိရပါတယ်။ အလားတူ မနေ့က မတ် ၇ ရက်နေ့က ငါန်းဇွန်မြို့နယ်၊ ကျန်းမာရေးဌာနက ဝန်ထမ်းပေါင်း ၁၃၀ ဟာ CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပြီလု့ိအဆိုပါဝန်ထမ်းတွေထံကသိရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက CDM မှာပါဝင်လာတဲ့ ဝန်ထမ်း ၂၀၀ ကျော်ရှိလာ၊ ငါန်းဇွန်မြို့က ကျန်းမာရေးဝန်ထမ်း ၁၃၀လည်း CDM လုပ်  မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားက CDM မှာပါဝင်လာတဲ့ ဝန်ထမ်း ၂၀၀ ကျော်ရှိလာ၊ ငါန်းဇွန်မြို့က ကျန်းမာရေးဝန်ထမ်း ၁၃၀လည်း CDM လုပ် Reviewed by THITHTOOLWIN on 11:19 Rating: 5

No comments:

Powered by Blogger.