မုံရွာ၊မတ်-၁၄
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်တောကျေးရွာတွင် ဆန္ဒပြလူငယ်တစ်ဦးအား အရပ်ဝတ်လူနှစ်ဦးမှ ဖမ်းသွားကြောင်းဒေသခံများကပြောသည်။
အဆိုပါလူငယ်မှာ ကိုမျိုးဇော်ဦးဖြစ်ပြီး ယနေ့ နေ့လည် ၁၂ ဝန်းကျင်တွင် လူနှစ်ဦးမှ သေနတ်ထောက်၍ ခေါ်ဆောင်သွားကြောင်းသိရသည်။
"အိမ်မှာကသူမရှိဘူး၊ အဲ့ဒါကို အဲဒီလူစိမ်းတွေက သူ့သူငယ်ချင်းတွေပါ ၊စကားပြောစရာရှိလို့ပါဆိုပြီး အိမ်ထဲမှာစောင့်နေကြတယ် ၊ကိုမျိုးဇော်ဦးက ဆိုင်ကယ်နဲ့ရောက်လာတော့ သေနတ်ထောက်ပြီး ခေါ်သွားတော့တာပဲ"ဟု ၎င်း၏ ညီမဖြစ်သူက ပြောသည်။
၎င်းလူငယ်အားဖမ်းဆီးခေါ်ဆောင်ရာတွင် မည်သိို့ကြောင့်ဖမ်းဆီးရခြင်းဖြစ်ကြောင်းမိသားစုများအားပြောဆိုခြင်းမရှိပဲသေနတ်များဖြင့်နားထင်ထောက်၍ ဖမ်းဆီးသွားသည်ဟု မိသားစုက ပြောသည်။
Monywa Gazette
ဟုမ္မလင်း နမ့်တောတွင် ဆန္ဒပြလူငယ်ကို နေအိမ်မှ သေနတ်ထောက် ခေါ်သွား
Reviewed by THITHTOOLWIN
on
22:30
Rating:

No comments:
Post a Comment