မကွေးမြို့က ဖမ်းဆီးခံကျောင်းသားတွေကို ပြန်မလွှတ်သေး


ဖေဖော်ဝါရီ ၂၈ ရက်က မကွေးမြို့သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသား ၃၄ယောက်ကို ခြောက်ရက်ကြာတဲ့အထိ မလွှတ်ပေးသေးဘူးလို့ သိရပါတယ်။

မကွေးဆေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ မကွေးနည်းပညာတက္ကသိုလ်နဲ့ AGTI မကွေး စတဲ့ ကျောင်း (၄) ကျောင်းပေါင်း သပိတ်စစ်ကြောင်းကနေ ဖမ်းဆီးခံရလိုက်ရတာဖြစ်ပြီး အဲ့ဒီနေ့ကတစ်ရက်တည်း ကျောင်းသား (၅၃) ယောက်ကို ဖမ်းဆီးသွားခဲ့ကာ မတ်လ ၁ ရက်မှာတော့ (၁၉) ယောက်ပြန်လွှတ်ပေးခဲ့တာပါ။ "ဘာကြောင့်မလွှတ်သေးလဲ မသိဘူး။

တရားစွဲခံရမယ်လို့ကြားတယ်။ ဘာအမှုလဲဆိုတာ ရမန်အခြေအနေ ဘာမှကိုမသိရဘူး။ မုန့်တို့ စားစရာပို့လို့ရတယ်၊ ဒါပေမဲ့ ကျောင်းသားတွေနဲ့ လူချင်း တွေ့ခွင့်မပေးဘူး။ အဆက်အသွယ်ပေးကိုမလုပ်သေးတာဗျ" လို့ ဆေးတက္ကသိုလ် မကွေး ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌက ဘီဘီစီကို ပြောပါတယ်။

ဖမ်းဆီးခံထားရဆဲ ကျောင်းသားတွေကို ဒေါင်းနေချောင်းရဲစခန်းမှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/live/burma-56245583

မကွေးမြို့က ဖမ်းဆီးခံကျောင်းသားတွေကို ပြန်မလွှတ်သေး မကွေးမြို့က ဖမ်းဆီးခံကျောင်းသားတွေကို ပြန်မလွှတ်သေး Reviewed by THITHTOOLWIN on 20:17 Rating: 5

No comments:

Powered by Blogger.