ကမ္ဘောဇဘဏ်ဖြစ်စဉ်က ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောပြချက်

 
ရန်ကုန်မြို့ ကမာရွတ်မြို့နယ် မာလာဆောင်ရှေ့က ကမ္ဘောဇဘဏ်မှာ မတ်လ(၁၆)ရက် မနက်ပိုင်းနဲ့နေ့လည်ပိုင်းက ငွေထုတ်ကြရင် ဘဏ်တာဝန်ရှိသူတွေနဲ့ ငွေထုတ်သူတွေကြားအခြေအတင်ဖြစ်ကြရာက ငွေထုတ်သူအချို့ကို ရဲနဲ့စစ်တပ်က လာရောက်ခေါ်ဆောင်သွားတယ်ဆိုတဲ့ဖြစ်စဉ်တွေ ဖြစ်ခဲ့ပါတယ်။

ခေါ်ဆောင်သွားခံရသူတွေဟာ ဒီနေ့ ညနေပိုင်း အထိ မိသားစု ဆီ ပြန် မရောက်လာသေးပါဘူး။
စစ်ကောင်စီ ဘက်ကတော့ သူတို့ဟာ CDM အာဏာဖီဆန်ရေး လှုံ့ဆော်လို့ ဖမ်းဆီးရတယ်လို့ မနေ့ညက သတင်းမှာ ကြေညာထားပါတယ်။

ညီမဖြစ်သူနဲ့ မတ်ဖြစ်သူ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အခြေအနေကို အစ်မအရင်းဖြစ်သူ မချိုဇင်လင်း နဲ့ ဇနီးဖြစ်သူနဲ့ခယ်မဖြစ်သူ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အခြေအနေကို ခင်ပွန်းဖြစ်သူ ကိုဇာနည်ဇော်ဝင်းတို့ ကို ဘီဘီစီကဆက်သွယ်မေးမြန်းထားပါတယ်။ 

BBC Burmese



ကမ္ဘောဇဘဏ်ဖြစ်စဉ်က ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောပြချက် ကမ္ဘောဇဘဏ်ဖြစ်စဉ်က ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေ ပြောပြချက်  Reviewed by THITHTOOLWIN on 07:17 Rating: 5

No comments:

Powered by Blogger.