မြရည်နန္ဒာ အိမ်ရာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ အိမ်ရာကို စစ်ကောင်စီတပ်တွေဝိုင်းထား



မန္တလေးမြို့ ချမ်းမြသာစည်ရပ်ကွက် မြရည်နန္ဒာ အိမ်ရာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက အတားအဆီးတွေကို ဝင်ဖြိုရာကနေ လူတွေနဲ့ ထိပ်တိုက်တွေ့လို့ ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီး အသက်၁၈ နှစ်အရွှယ် ကိုဇော်ဇော် ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ မြရည်နန္ဒာ အိမ်ရာအနီး ဒေသခံတွေက ပြောပါတယ်။

ရဲနဲ့စစ်တပ်က အောင်သာယာ၊ မြရည်န္ဒာ ရပ်ကွက်‌ တွေ အနီး လမ်းပေါ်လုံခြုံရေး အတားဆီးတွေကို ရှင်းလင်းဖျက်ဆီးပြီး အိမ်ရာဝင်းတွေကိုလည်း ပစ်ခတ်တာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတချို့ကပြောပါတယ်။

နေ့လယ် ၃ နာရီခန့် အထိ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်ဖွဲ့ဝင်တွေက မြရည်နန္ဒာ အိမ်ရာကို ဝိုင်းထားဆဲဖြစ်တယ်လို့လည်းသူကပြောပါတယ်။

မတ်လ၂၁ ရက်နေ့ည က အောင်သာယာ အောင်ပင်လယ် မြရည်နန္ဒာသမန်းကုန်း ရပ်ကွက်တွေကို ဝင်ရောက်ပစ်ခတ် မူတွေရှိပြီး လူ ၇ဦးထက်မနည်းသေဆုံးခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

မြရည်နန္ဒာ အိမ်ရာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ အိမ်ရာကို စစ်ကောင်စီတပ်တွေဝိုင်းထား မြရည်နန္ဒာ အိမ်ရာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ အိမ်ရာကို စစ်ကောင်စီတပ်တွေဝိုင်းထား Reviewed by THITHTOOLWIN on 22:08 Rating: 5

No comments:

Powered by Blogger.