ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ



Share/Bookmark

ကျောက်ပန်းတောင်းမှာ စစ်တပ်က ပစ်ခတ်လို့ တစ်ဦးသေဆုံး သုံးဦးဒဏ်ရာရ မတ်လ ၂၄ ရက်နေ့ညက ကျောက်ပန်းတောင်းမြို့နယ်က ဒဏ်ရာရရှိသူတဦးကို သယ်ဆောင်လာစဉ်။ Photo: Citizen Journalist


ကျောက်ပန်းတောင်းမြို့နယ် စံပြရပ်ကွက်မှာ မတ်လ ၂၄ ရက်နေ့က ညသပိတ်လုပ်နေချိန် ည ၈ နာရီကျော်မှာ စစ်ကောင်စီတပ်က စစ်ကားတွေနဲ့ ဝင်လာပြီး အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းတာကြောင့် တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက RFA ပြောပါတယ်။

ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသူက အသက် ၂၁ နှစ်အရွယ် ကိုကြည်စက်လှိုင် ဆိုသူ ဖြစ်ပြီး ရုပ်အလောင်းကို စစ်တပ်က လွှဲပြောင်းခိုင်းနေတာကြောင့် အရပ်ဘက်အဖွဲ့အစည်းတွေက ထိန်းသိမ်းထားရတယ်လို့လည်း ပြောပါတယ်။ ဒဏ်ရာရသူတွေထဲမှာ လက်ကို ထိခိုက်ခဲ့သူတဦးက ဒဏ်ရာပြင်းထန်နေပြီး စိုးရိမ်ရတဲ့ အခြေအနေရှိတယ်လို့ ဆိုပါတယ်။

RFA က စိစစ်စုဆောင်းထားတဲ့ စာရင်းအရ ဖေဖော်ဝါရီလ ၁ ရက်နေ့ တပ်မတော်က အာဏာသိမ်းအပြီး သေဆုံးခဲ့ရတဲ့ အရပ်သားအရေအတွက်ဟာ ဒီနေ့ မတ်လ ၂၄ နေ့အထိ အနည်းဆုံး ၂၆၀ ဦးအထိ ရှိသွားပြီဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-coup-03242021180604.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ