ရှမ်း-ကယားနယ်စပ်က ဒေသခံပြည်သူ ၃၀ ခန့်နဲ့ သပိတ်ကော်မတီဝင်တစ်ဦးကို စစ်တပ်မှ ဖမ်းဆီး


စစ်သား ၄ဦးပျောက်ဆုံးမှုကိုအကြောင်းပြုပြီး ရှမ်း-ကယားနယ်စပ်က ကျေးရွာတွေမှာ ရှာဖွေမှုတွေပြုလုပ်နေတဲ့ စစ်တပ်ဟာ အဲဒီကျေးရွာမှာရှိတဲ့ ဒေသခံပြည်သူ ၃၀ ခန့်နဲ့ အတူ ကြားဝင်ညှိနှိုင်းပေးတဲ့ ကယားပြည်နယ် သပိတ်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်းကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ထားပါတယ်။

သူတို့ကို မတ်လ ၁၈ ရက် ညနေ ၄နာရီ ခန့်မှာ ဖမ်းဆီးခေါ်ဆောင်သွားတာဖြစ်ပြီးတော့ ဘယ်နေရာပို့ဆောင်ထားလဲဆိုတာကိုတော့ မသိရဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်ကို ကိုးကားပြီး ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်သား ၄ဦးပျောက်ဆုံးမှု နဲ့ မသက်ဆိုင်တဲ့ သပိတ်ကော်မတီဝင် ခွန်းမျိုးလှိုင်ဝင်း နဲ့ ဒေသခံ ပြည်သူ တွေပြန်လွတ်ပေးဖို့ ကယားပြည်နယ် စစ်အာဏာရှင်စနစ် ဆန့်ကျင့်ရေး လူထုလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်ချက်မှာတောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၇ ရက်နေ့တုန်းက ရှမ်း-ကယား နယ်စပ်က ဆောင်ကန်း(ရှမ်း၊ကယား)ကျေးရွာတွေ၊ လယ်ထွန်ရွာနဲ့ ဝှာရီတောင်ခြေရွာတွေကို စစ်တပ်အင်အားအလုံးအရင်းနဲ့ ရောက်ရှိလာပြီး သူတို့ရဲ့ ပျောက်ဆုံးနေတဲ့ စစ်သား ၄ ဦးကို ရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီကိစ္စကြောင့် ဒေသခံပြည်သူတွေကန့်ကွက်ခဲ့ပေမဲ့ စစ်တပ်ဖက်က ရာဘာကျည်၊ ကျည်အစစ်နဲ့ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး အကြမ်းဖက်ခဲ့တာတွေရှိခဲ့တယ်လို့ သိရပါတယ်။


Kantarawaddy Times

https://www.facebook.com/KantarawaddyTimes/

ရှမ်း-ကယားနယ်စပ်က ဒေသခံပြည်သူ ၃၀ ခန့်နဲ့ သပိတ်ကော်မတီဝင်တစ်ဦးကို စစ်တပ်မှ ဖမ်းဆီး ရှမ်း-ကယားနယ်စပ်က ဒေသခံပြည်သူ ၃၀ ခန့်နဲ့ သပိတ်ကော်မတီဝင်တစ်ဦးကို စစ်တပ်မှ ဖမ်းဆီး Reviewed by THITHTOOLWIN on 06:04 Rating: 5

No comments:

Powered by Blogger.