၈၈ ငြိမ်း/ပွင့်ရုံး စစ်တပ်စီးနင်းရှာဖွေ



Share/Bookmark


ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဏာသိမ်းအုပ်ချုပ်နေတဲ့ မြန်မာစစ်တပ်က ရန်ကုန် သင်္ဃန်းကျွန်းမြို့နယ်ထဲက ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးကို ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ဝင်ရောက်ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းလောက်မှာ စစ်ကားကြီး ၁၀ စီးအပြင် ကားအသေး ၇ စီးနဲ့ပါ ရောက်လာတဲ့ လုံခြုံရေးတပ်တွေက ရုံးခန်းတံခါးသော့တွေကို ရိုက်ချိုးဖျက်ဆီးပြီး မီးခံသေတ္တာ၊ ကွန်ပျူတာနဲ့ ရုံးသုံးပစ္စည်းတွေအပြင် ပန်းချီကားတွေကိုပါ ယူသွားတယ်လို့ ၈၈ မျိုးဆက်၊ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရဲ့ဖေ့ဘုတ်စာမျက်နှာမှာ ဒီကနေ့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ရန်ကုန်မြို့မှာရှိတဲ့ Myanmar Now သတင်းဌာနကိုလည်း ဒီကနေ့နေ့လယ်ပိုင်းမှာပဲ စစ်ကား ၅ စီးနဲ့ ရောက်လာတဲ့ လက်နက်ကိုင်တွေက ဝင်ရောက်စီးနင်းပြီး စာရွက်စာတမ်းတွေက သိမ်းယူသွားပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ရုံးပိတ်ထားတာဖြစ်တဲ့အတွက် ဖမ်းဆီးခံရသူတွေမရှိပေမဲ့ ဘယ်ပစ္စည်တွေ သိမ်းသွားသလဲဆိုတာ မသိရသလို ဘယ်လိုရည်ရွယ်ချက်နဲ့ ခုလို ဝင်ရောက်စီးနင်းခဲ့တာလဲဆိုတာ မသိရဘူးလို့လည်း Myanmar Now အဖွဲ့ဝင်တယောက်ကပြောပါတယ်။

မြန်မာစစ်တပ်ကို ဆန့်ကျင်ဆန္ဒပြသူတွေအပေါ် အင်အားအလွန်အကျွံသုံးတာ၊ အကြမ်းဖက် နှိမ်နင်းတာ၊ ဖမ်းဆီးတာတွေမလုပ်ဖို့ ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများကပါ ဝိုင်ပြီးတိုက်တွန်းနေသလို၊ သတင်းထောက်တွေအပါအဝင် ဖမ်းဆီးထားသာအားလုံး ပြန်လွတ်ပေးဖို့၊ စစ်အာဏာသိမ်းမှုမှာ အဓိကတာဝန်ရှိတဲ့ စစ်ဗိုလ်ချုပ်တွေကို ပစ်မှတ်ထားဒဏ်ခတ် အရေးယူတာတွေ ရှိနေပေမဲ့လည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေရဲ့အကြမ်းဖက်နှိမ်နင်းမှုတွေ ပိုလို့တောင်ဆိုးလာပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေကိုလည်း ပစ်မှတ်ထားလာနေတာမှာ ဆန္ဒပြကန့်ကွက်မှုတွေကို လိုက်ပြီး သတင်းယူတဲ့ သတင်းထောက်တွေကိုလည်း ဖမ်းဆီးခံနေရပါတယ်။ Myanmar Now သတင်းထောက်တဦးအပါအဝင် သတင်းထောက်အတော်များများ အဖမ်းခံထားရတာပါ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းယူနေချိန်မှာ အဖမ်းခံရတဲ့ သတင်းထောက် ၃၀ ထက်မနည်း ရှိနေပြီး အဖမ်းခံရသူတချို့ပြန်လွှတ်လာတာရှိပေမဲ့ မိသားစုနဲ့တောင်တွေ့ခွင့်မရဘဲ ဆက်ပြီး ထိန်းသိမ်းခံထားရသူတွေလည်းရှိနေတာဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/security-frces-raid/5805834.html



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ