အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာအတွက် ရံပုံငွေ ယာယီရပ်

 အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာအတွက် ရံပုံငွေ ယာယီရပ်

မြန်မာနိုင်ငံမှာ အာဏာသိမ်းယူမှု ဖြစ်ခဲ့တဲ့နောက် အာရှဖွံ့ဖြိုးရေးဘဏ်ကအစိုးရ စီမံကိန်းတွေအတွက် ရံပုံငွေတွေကို ယာယီ ရပ်နားလိုက်တယ်လို့ ဗုဒ္ဓဟူးနေ့က ပြောပါတယ်။

စီမံကိန်းတွေအတွက် ငွေထုတ်ပေးတာနဲ့ စာချုပ်အသစ်တွေကို ချုပ်ဆိုဖို့ကို ဖေဖော်ဝါရီ ၁ ရက် ကတည်းက ရပ်နားထားတယ်လို့ ဆိုပါတယ်။

အဲဒီလို ရပ်နားထားမှုကြောင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေး စီမံကိန်းတွေ အပါအဝင် မြန်မာနိုင်ငံရဲ့ ဒေါ်လာ သန်းရာချီ ကုန်ကျမယ့် အခြေခံ အဆောက်အဦ စီမံကိန်းတွေရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲ ဆိုတာ မရေမရာ ဖြစ်လာပါတယ်။

ADB က ချေးငွေနဲ့ ထောက်ပံ့ငွေ စုစုပေါင်း ဒေါ်လာ ၂.၄ ဘီလျံကို ၂၀၁၃ ခုနှစ်ကနေ ၂၀၁၉ ကြားမှာ မြန်မာနိုင်ငံကို ထုတ်ပေးဖို့ သဘောတူ ခဲ့ပါတယ်။ ADB က ထုတ်ပေးထားတဲ့ ချေးငွေနဲ့ ထောက်ပံ့ငွေက အနည်းဆုံး ဒေါ်လာ ၁.၅ ဘီလျံ ရှိနေပါပြီ။


BBC Burmese

https://www.bbc.com/burmese/live/burma-56331237

အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာအတွက် ရံပုံငွေ ယာယီရပ်  အာရှဖွံ့ဖြိုးရေးဘဏ် မြန်မာအတွက် ရံပုံငွေ ယာယီရပ် Reviewed by THITHTOOLWIN on 01:16 Rating: 5

No comments:

Powered by Blogger.