ရန်ကုန် နာရေးကူညီမှု ရုံးခန်းကို ဝင်ရောက်စီးနင်း



Share/Bookmark
Photo - နာရေးကူညီမှုအသင်း-ရန်ကုန်

ရန်ကုန် မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ နာရေးကူညီမှု အသင်းရုံးကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့တွေက မတ်လ ၃ ရက်နေ့ ည ၁၂ နာရီလောက်မှာ ဝင်ရောက်စီးနင်းရှာဖွေနေပါတယ်။

နာရေးကူညီမှု အသင်းရုံးရဲ့ တာဝန်ခံတဦးဖြစ်တဲ့ သရုပ်ဆောင် ထွန်းကိုကိုက "နာကူအသင်းကို ဝင်စီးနေပြီလုပ်ပါအုန်း" လို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။

နာရေး ကူညီမှု အသင်း ဥက္ကဌ ဦးကျော်သူရဲ့ ဇနီး ဒေါ်ရွှေဇီးကွက်ကို RFA က ည ၁၂ နာရီမှာ ဆက်သွယ်မေးမြန်းရာမှာတော့ အသင်း ဥက္ကဌ ဦးကျော်သူဟာ ရုံးခန်းမှာ မဟုတ်ဘဲ အိမ်မှာရှိနေကြောင်းနဲ့ ဘာအကြောင်းကြောင့် ဝင်စီးတယ်ဆိုတာ မသိရသေးဘူးလို့ RFA ကိုပြောပါတယ်။

နာရေးကူညီမှု အသင်းရုံးခန်းမှာ စေတနာ့ဝန်ထမ်း လူငယ်တွေရှိနေတယ်လို့လည်း  ဒေါ်ရွှေဇီးကွက်က ပြောပါတယ်။

နာရေးကူညီမှု အသင်းရုံးခန်းကနေ ထွက်ပြေးလာသူတဦးက ရဲတွေ၊ စစ်တပ်တွေရောက်လာလို့ ရုံးခန်းကနေ လူလွတ်အောင် ထွက်ပြေးလာရတယ်လို့ RFA ကို ပြောပါတယ်။

နာရေး ကူညီမှု အသင်းဟာ အသင်းရဲ့ ပုံမှန်နာရေး လုပ်ငန်းတွေအပြင် ရန်ကုန်မြို့တွင်း ဆန္ဒပြပွဲတွေမှာ သေဆုံးသူတွေ၊ ဒဏ်ရာရရှိသူတွေကို ကူညီဆောင်ရွက်ပေးနေတာဖြစ်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ