ဇယား(၁)ပါအခွန်အ‌ကောက်များစည်းကြပ်ကောက်ခံခြင်းအား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆိုင်းငံလိုက်သည့် ဥပဒေထုတ်ပြန်လိုက်သည်။




ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) သည် အောက်ပါရည်ရွယ်ချက်များဖြင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနက ပေးပို့လာသည့် ၂၀၂၀ ပြည့်နှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ပူးတွဲပါအတိုင်း ပြဌာန်းထုတ်ပြန်လိုက်သည်။

၁။ အခွန်ထမ်းပြည်သူများ တာဝန်သိစွာ ပေးဆောင်ထားသည့် အခွန်ဘဏ္ဍာငွေများအား အလွဲသုံးစားပြု၍ အာဏာသိမ်းစစ်ကောင်စီက ငြိမ်းချမ်းစွာဆန္ဒပြနေသည့် ပြည်သူလူထုအား အကြမ်းဖက်သတ်ဖြတ်နှိမ်နင်း နေခြင်းကို အမြန်ဆုံးတားဆီးကာကွယ်နိုင်ရန်၊

၂။ ကမ္ဘာလုံးဆိုင်ရာ ကိုဗစ်ကပ်ဘေးရောဂါကြောင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများ ကြီးမားစွာထိခိုက် ဆုံးရှံးမှု များနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် ကာလဖြစ်သည့်အတွက် အခွန်ထမ်းပြည်သူများ၏ အခွန်ဝန်ထုတ်ဝန်ပိုး များကို အတတ်နိုင်ဆုံး ဖြေလျော့ဆိုင်းငံ့ပေးထားနိုင်ရန် အလို့ငှာ ဤဥပဒေအား ပြဌာန်းလိုက်သည်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ( CRPH )

Committee Representing Pyidaungsu Hluttaw - CRPH

https://www.facebook.com/crph.official.mm/

ဇယား(၁)ပါအခွန်အ‌ကောက်များစည်းကြပ်ကောက်ခံခြင်းအား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆိုင်းငံလိုက်သည့် ဥပဒေထုတ်ပြန်လိုက်သည်။ ဇယား(၁)ပါအခွန်အ‌ကောက်များစည်းကြပ်ကောက်ခံခြင်းအား ၂၀၂၁ခုနှစ် စက်တင်ဘာလ(၃၀)ရက်နေ့အထိ ဆိုင်းငံလိုက်သည့် ဥပဒေထုတ်ပြန်လိုက်သည်။ Reviewed by THITHTOOLWIN on 22:14 Rating: 5

No comments:

Powered by Blogger.