မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ

မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ စစ်အာဏာရှင်ဆန့်ကျင်ရေး စည်ပင်ဝန်ထမ်းတွေ ဆန္ဒပြကြစဉ် / Photo: RFA

မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီ ဝန်ထမ်း ၇၇ ဦးကို အလုပ်တာဝန်ကနေ ယာယီရပ်ဆိုင်းလိုက်တယ် လို့ စည်ပင်တွဲဘက်အတွင်းရေးမှူး ဦးသက်နိုင်ထွန်း လက်မှတ်ရေးထိုးပြီး ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ဒီဝန်ထမ်း ၇၇ ဦးဟာ လုံလောက်တဲ့အကြောင်းပြချက်မရှိဘဲ တာဝန်ချိန်ပျက်ကွက်တာ၊ ခွင့်မဲ့ပျက်ကွက်တာ၊ ခွင့်ရက်ကုန်ဆုံးပြီးနောက် အလုပ်ပြန်လာခြင်းမရှိတာကြောင့် ဌာနတွင်းစစ်ဆေးနိုင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်ကတည်းက နိုင်ငံဝန်ထမ်းဥပဒေနဲ့အညီ တာဝန်မှယာယီ ရပ်ဆိုင်းထားတာဖြစ်ကြောင်း ဒီကနေ့ ထွက်လာတဲ့ စည်ပင်ဌာနရဲ့ စာထဲမှာဖော်ပြထားပါတယ်။

အလုပ်ကနေရပ်နားခံရတဲ့သူတွေထဲမှာ မန္တလေးစည်ပင်ဌာနစုမှူးကစပြီး၊ ရုံးစာရေး၊ ဈေးလုပ်သား၊ အစောင့်ဝန်ထမ်းတွေအထိ ပါဝင်ပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာပါဝင်ပြီး ရုံးမတက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်ရုံးတက်ကြဖို့ ဖိအားပေးခြိမ်းခြောက်မှုတွေရှိနေပြီး၊ အဲ့ဒီစစ်ကောင်စီရဲ့ ပြောဆိုချက်ကို မလိုက်နာတဲ့သူတွေကို အလုပ်ကနေ ထုတ်ပယ်ပြီး အစိုးရဝန်ထမ်းအိမ်ယာတွေကနေပါ ရွေ့ပြောင်းခိုင်းနပါတယ်။

စစ်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု CDM မှာ ပါဝင်ဖို့ ဦးဆောင်လှုပ်ရှားနေသူတွေကိုလည်း လိုက်လံ ရှာဖွေဖမ်းဆီးနေတာပါ။

၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကတော့ ဒီလ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး အစိုးရဝန်ထမ်းအားလုံး CDM မှာပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/mandalay-municiple-officers-cdm-myanmar-military-coup-03232021045248.html

မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ  မန္တလေး စည်ပင်အောက်ခြေဝန်ထမ်းတွေ အလုပ်ထုတ်ပယ်ခံရ Reviewed by THITHTOOLWIN on 21:27 Rating: 5

No comments:

Powered by Blogger.