ကလေးမြို့ သပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး သေဆုံးသူ ၄ ဦးနဲ့ ဒဏ်ရာရသူ အများအပြားရှိ



Share/Bookmark




ကလေးမြို့မှာ တာဟန်းသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြနေစဉ် မြို့လှရပ်ကွက်ထဲအရောက် ၁၀ နာရီ ၁၀ မိနစ်ဝန်းကျင်မှာ ရဲနဲ့စစ်တပ်တွေဟာ ပတ်ပတ်လည် ဝိုင်းဝန်းပိတ်ဆို့ထားခဲ့ပြီး အသံဗုံး၊ ရာဘာကျည်၊ ကျည်အစစ်တွေနဲ့ ပစ်ခတ်မှုကြောင့် အမျိုးသား ၄ ဦး သေဆုံးကာ စိုးရိမ်ရသူတွေအပါအဝင်  ဒဏ်ရာရရှိသူတွေ အများအပြားရှိခဲ့သလို   ဖမ်းဆီးခံရသူလည်း အနည်းဆုံး ၁၀ ဦးရှိတယ်လို့  ဒေသခံတွေဆီက သိရပါတယ်။  

သေဆုံးသူတွေထဲမှာ အသက် ၂၅ နှစ်အရွယ် ဆလိုင်းကျုံးလျန်ကျဲအို၊ ကလေး ၃ ဦးဖခင် အသက် ၂၇ နှစ်အရွယ် ဦးကျင်ခန့်မာန် အပါအဝင် ယနေ့ ညနေ  ၄ နာရီလောက်မှာ ချင်းတောင်တန်းကားဂိတ်အနီးမှာလည်း  ထပ်မံပစ်ခတ်မှုကြောင့် နောက်ထပ် အမျိုးသားနှစ်ဦး သေဆုံးပြီး စိုးရိမ်ရသူ ၄ ဦးရှိကာ ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ရှိနေဆဲဖြစ်တယ်လို့ မျက်မြင်တစ်ဦးက အတည်ပြုပါတယ်။ သေဆုံးသူ နောက်၂ဦးရဲ့ နာမည်ကိုတော့ VOM စုံစမ်းနေဆဲဖြစ်ပါတယ်။

 ကလေးမြို့မှာ ယနေ့ ညနေ ၅ နာရီခွဲအထိ စုံစမ်းသိရသလောက် အမျိုးသား ၄ ဦး သေဆုံးခဲ့သလို သေဆုံးသူတွေအားလုံးဟာ ချင်းအမျိုးသားတွေဖြစ်ပြီး စိုးရိမ်ရသူတွေအပါအဝင် ထိခိုက်ဒဏ်ရာရရှိသူတွေလည်း ၅ ဦးထက်မနည်းရှိနေတယ်လို့  သိရပါတယ်။ 

မတ်လ ၃ ရက်နေ့ကလည်း ကလေးမြို့မှာ မောင်ဇင်မျိုးမောင် အသက် ၁၈ နှစ်အရွယ်တယောက် သေဆုံးခဲ့ပါသေးတယ်။ 


သိမ်မွေ့ကဗျာ

Voice of Myanmar

https://www.facebook.com/VoiceofMyanmarNews



Share/Bookmark

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

အချိန်နဲ့တပြေးညီ သတင်းများ ဖတ်ရှုနိုင်ဖို့ facebook "like" ကို နှိပ်ပါ။ thithtoolwin9@gmail.com ကို လည်း သတင်းများ ဆက်သွယ်ပေးပို့နိုင်ပါသည်။
 

Last 7 days Pageviews

ကျန်းမာရေးနှင့် ဖျော်ဖြေရေး

တစ်ပတ်အတွင်း စိတ်ဝင်စားဖွယ်ရာ သတင်းများ