ပိတ်ဆို့ထားတဲ့ စမ်းချောင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ နိုင်ငံတကာသံရုံးတွေတောင်းဆို


ရန်ကုန်၊ စမ်းချောင်းမြို့နယ်ထဲ စစ်တပ်နဲ့ ရဲတွေ အင်အားတွေတိုးချပြီး ပိတ်ဆို့ထားတာကို အမြန်ဆုံးဖယ်ရှားပေးဖို့ ရန်ကုန်အခြေစိုက်သံရုံးတွေက တပြိုင်နက်တည်း တောင်းဆိုလိုက်ကြပါတယ်။

ရန်ကုန်အခြေစိုက် အမေရိကန်၊ ယူကေ၊ကနေဒါ၊ ပြင်သစ်သံရုံး၊ အီးယူနဲ့ ကုလသမဂ္ဂရုံးတွေက မတ်လ ၈ ရက် ဒီကနေ့ ညပိုင်းမှာ တပြိုင်နက်တည်း တောင်းဆိုချက်တွေ ထုတ်ပြန်တာဖြစ်ပါတယ်။

စမ်းချောင်းမြို့နယ်ထဲဖြတ်သန်းသွားလာရတဲ့ အဓိကလမ်းမကြီးတွေ ဖြစ်တဲ့ ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းတွေကို စစ်တပ်နဲ့ ရဲတွေ အင်အားတိုးချပြီး ပိတ်ဆို့ထားတာကြောင့် အဲ့ဒီထဲမှာ ဆန္ဒပြသူတွေ ပိတ်မိနေပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

ပိတ်ဆို့ထားတဲ့ စမ်းချောင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ နိုင်ငံတကာသံရုံးတွေတောင်းဆို ပိတ်ဆို့ထားတဲ့ စမ်းချောင်းကို အမြန်ဆုံးပြန်ဖွင့်ပေးဖို့ နိုင်ငံတကာသံရုံးတွေတောင်းဆို Reviewed by THITHTOOLWIN on 23:46 Rating: 5

No comments:

Powered by Blogger.