ရန်ကုန်၊မတ် ၁၄ -၂၀၂၁
ရန်ကုန်မြို့၊ အင်းစိန်မြိုနယ်၊ ပေါက်တောဝလမ်းဆုံမှာ ဒီကနေ့ညနေပိုင်း ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ရပ်ကွက်နေပြည်သူတွေဆီကနေ သိရပါတယ်။
သေတဲ့သူရဲ့နာမည် မသိသေးဘူး အဲ့ဒါက စုံစမ်းဖို့ခက်တယ်၊ တစ်ဦးသေတယ် ငါးဦးဒဏ်ရာရတယ် ဒီလောက်ပဲသိရတာ၊ အတိအကျသိရင် ပြန်ပြောပါမယ်၊ လက်ရှိအခြေအနေမှာတော့ သေဆုံးသူနဲ့ဒဏ်ရာရရှိသူစာရင်းကို စုံစမ်းနေဆဲဖြစ်ပါတယ်"လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက VOMကိုပြောပါတယ်။
လှိုင်ယာယာမြို့နယ်နဲ့ အင်းစိန်မြို့နယ်ကို ဆက်ထားတဲ့ အောင်ဇေယျကြိုးတံတားအဆင်းမှာ စစ်တပ်က တပ်စွဲပြီးတဲ့အချိန်မှာတော့ အင်းစိန်ပေါက်တောဝမှ ပြည်သူတွေက ဆန္ဒပြတာတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
အေးချမ်းသူ(VOM)
Voice of Myanmar
အင်းစိန် ပေါက်တော၀မှာ ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံး၊ ၅ ဦးဒဏ်ရာ
Reviewed by THITHTOOLWIN
on
21:13
Rating:

No comments:
Post a Comment