အသံတိတ် သပိတ်



မြန်မာနိုင်ငံတဝန်းက မြို့တွေ ရွာတွေ အများစုမှာ ဒီကနေ့ ဘယ်သူမှ အပြင်မထွက်ဘဲ စျေးတွေပိတ်၊ အလုပ်ပိတ်ထားကြတဲ့ အသံတိတ် သပိတ်တွေ ပြုလုပ် ခဲ့ကြပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီက နိုင်ငံကို ပုံမှန်လည်ပတ်အောင် လုပ်နိုင်စွမ်းမရှိတာကို ပြသတဲ့ ဆန္ဒပြမှုအဖြစ် အသံတိတ်သပိတ်ပြုလုပ်နေကြတာပါ။

တချို့မြို့တွေမှာ လူတွေ ကားတွေ အသွားအလာမရှိ လုံးဝ ခြောက်ကပ် တိတ်ဆိတ်နေပေမဲ့ မန္တလေးက မြို့နယ်တချို့ရဲ့ ရပ်ကွက်တွေမှာတော့ ပုံမှန်သွားလာတာတွေ ရှိနေပါတယ်။

နိုင်ငံတဝန်းက အခြေအနေတွေကို ကိုဟိန်းကိုစိုး စုစည်း ပြောပြထားပါတယ်။

BBC Burmese




အသံတိတ် သပိတ် အသံတိတ် သပိတ် Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.