အောင်ပန်း လူထုသပိတ်ဖြိုခွင်း၊ဖမ်းဆီးမှုကြားက ဆက်လက်ဆန္ဒထုတ်ဖော်


သျှမ်းသံတော်ဆင့်၊ မတ် ၁၂ရက် 

သျှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့တွင် စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့များ က အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးမှုရှိနေ သော်လည်း ယနေ့ (မတ် ၁၂)ရက်မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုသပိတ်စစ်ကြောင်း ဆက်လက်ချီတက်ကြ ကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (မတ် ၁၁)ရက်တွင် အောင်ပန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒထုတ်ဖော်သည့် လူထုများကို စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းကာဖမ်းဆီးမှုပြုလုပ်ခဲ့သော်လည်း ယနေ့ (မတ် ၁၂ရက်)မှာ လူအင်အား ၂၀၀၀ ကျော်ဖြင့် ဆက်လက်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

“ မနေ့က ကျနော်တို့ စစ်ကြောင်းလူအင်တား ၂၀၀ကျော်ပဲထွက်တယ်။ ရဲ၊စစ်သားတွေက ကျနော်တို့စစ်ကြောင်းကို ဝင်ဖြိုတယ်။အသံမိုင်း ၂လုံး၊ မျက်ရည်ယိုဗုံး၂လုံးနဲ့ဖြိုခွင်းတယ်။  ဖမ်းဖို့လုပ်တယ်။ ဆန္ဒထုတ်ဖော်သူမရသွားလို့ ဘေးမှာ ရပ်ကြည့်သူ (၄)ဦးကို ဖမ်းခေါ်သွားတယ်။ ဒီနေ့တော့ ကျနော်တို့ လူအင်အား ၂၀၀၀ ကျော် ထပ်ထွက်ပြီးချီတက်တယ်” ဟု အောင်ပန်းတွင် ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်သည့် အမျိုးသားတဦးကပြောသည်။

ယမန်နေ့တွင် လူထုသပိတ်စစ်ကြောင်းကို ဗွီဒီယိုလိုက်ရိုက်နေသူ တဦးအပါအဝင် ရပ်ကြည့်နေသူ (၄)ဦးကို စစ်သားများက အတင်းအဓမ္မဆွဲခေါ်သွားပြီး၊ ဆိုင်ကယ်တချို့လည်း ယူဆောင်သွားကြောင်း လည်း ၎င်း အမျိုးသားက ပြောပြသည်။

သို့သော် အောင်ပန်း ဒေသခံ လူထုသပိတ်စစ်ကြောင်းသည် ရဲ၊စစ်သားများကို မကြောက်ဘဲ လူအင်အားပိုများလာပြီး ဆက်လက်ချီတက်ဆန္ဒထုတ်ဖော်ကာ ယနေ့မှာတော့ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်မှုပြီးသွားကြောင်းသိရသည်။


SHAN News (Burmese Version)

https://www.facebook.com/shannewsburmese

အောင်ပန်း လူထုသပိတ်ဖြိုခွင်း၊ဖမ်းဆီးမှုကြားက ဆက်လက်ဆန္ဒထုတ်ဖော် အောင်ပန်း လူထုသပိတ်ဖြိုခွင်း၊ဖမ်းဆီးမှုကြားက ဆက်လက်ဆန္ဒထုတ်ဖော် Reviewed by THITHTOOLWIN on 18:06 Rating: 5

No comments:

Powered by Blogger.